Tuesday, October 13, 2015

“မ.ဘ.သ (ဗဟို) ဥပဒေအထောက်အကူပြု ကော်မတီ စည်းဝေးပွဲ”


၁၁.၁၀.၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၁း၃၀ နာရီမှာ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၊ မ.ဘ.သ (ဗဟို)ရုံးခန်းမှာ ကျင်းပပါတယ်။
မ.ဘ.သ (ဗဟို)ဥက္ကဋ္ဌ ဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသအမှူးပြုသော  မ.ဘ.သ (ဗဟို)ဦးဆောင်ဆရာတော်များဖြစ်ကြသော ဦးပါမောက္ခ၊ ဦးဝီရသူ၊ ဦးအင်္ကုရတို့နှင့်အတူ ဥပဒေပညာရှင်များဖြစ်ကြသော ဦးစောဝင်း၊ ဦးကျော်ကျော်စသော ရှေ့နေကြီးများ တက်ရောက်ကြသည်။
ရွာမဆရာတော်ကြီး သြဝါဒပေးအပြီးမှာ အသီးသီး ဆွေးနွေးကြပါသည်။ မူဆယ်မြို့မှာ ဥပဒေနှင့် မီဒီယာသင်တန်းဖွင့်လှစ်ရန်၊ ဂန့်ဂေါနယ်မှာ ဥပဒေနှင့် မီဒီယာသင်တန်းဖွင့်လှစ်ရန်၊ ဥပဒေသင်တန်းဆိုင်ရာ သင်ရိုးညွန်းတမ်းရေးဆွဲရန်၊ ဥပဒေအထောက်အကူပြုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရွေးချယ်ရန်၊ မ.ဘ.သ (ဗဟို)အတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ ဖြည့်စွက်ရန် ၄ နာရီကြာ ဆွေးနွေးခဲ့ကြပါသည်။

ကြေညာချက်မူကြမ်းနှင့် ဥပဒေအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပုံနှင့် စည်မျဉ်းစည်းကမ်းများကို အချောသပ်ပြီး ရွာမဆရာတော်ကြီးအား ဆက်ကပ်နိုင်ခဲ့ပါသည်။ 







No comments:

Post a Comment