ယခုလောလောဆယ်
အောက်တိုဘာ ၁၂-၁၃ ရက်နေ့ သတင်းများအရ ကယားပြည်နယ် မော်ချီဒေသ၌ မိုးသည်းထန်စွာရွာသွန်း၍
တောင်ပေါ်ဒေသများ မြေပြိုရာ တောင်ပေါ် တောင်အောက်ရှိရွာများ မြေပိ၍ သေကြေပျက်စီးမှု များစွာရှိကြောင်း
သတင်းများထွက်ပေါ်နေသည်။ ယခုသိရသလောက် သေဆုံးသူ ၁၀၀ ခန့် ဒုက္ခရောက်သူ ၁၀၀၀ ကျော်ခန့်ရှိသည်ဟု
ကြားသိရသည်။ မိုးလေဝသအခြေအနေအရ ဆက်လက်၍ ပိုဆိုးရွားလာနိုင်ဖွယ်လည်း ရှိနေပါသည်။
ယနေ့တိုင်အောင်
မိုးများအဆက်မပြတ် ဆက်လက်ရွာသွန်းနေသောကြောင့် တောင်ပေါ်မှမြေများ ဆက်လက်ပြိုဆင်းနေသဖြင့်
တောင်ပေါ် တောင်အောက် ဆက်သွယ်မှုအခက်အခဲ ဖြစ်ပေါ်ကြောင်းလည်း သိရသည်။
ထိုသည့် သဘာဝဘေးဒဏ်ကြောင့်
ပျက်စီးဆုံးရှုံးမှုများ များစွာရှိကြောင်း သိရသဖြင့် သက်ဆိုင်ရာ ဒုက္ခရောက်နေသူများနှင့်
ထပ်တူထပ်မျှ လွန်စွာစိတ်မကောင်း ဖြစ်ရပါသည်။
အဆိုပါဒုက္ခရောက်သူများအတွက်
လတ်တလောလိုအပ်သည့်အကူအညီများကို မဘသအဖွဲ့(ဗဟို)မှ တာဝန်ရှိသူများကိုယ်တိုင် မကြာမီ
သွားရောက်ကူညီမည် ဖြစ်ပါသည်။
ထိုသည့်လိုအပ်ချက်များကို
အစိုးရအာဏာပိုင်များနှင့်တကွ စေတနာရှင် မည်သူမဆို အရေးတကြီး ဝိုင်းဝန်းကူညီကြပါဟု မဘသအဖွဲ့ကြီး(ဗဟို)မှ
ထုတ်ပြန်ကြေညာလိုက်သည်။
စာအမှတ်။
၀၀၄၁/ စီမံ-မဘသ/ ၂၀၁၅
နေ့စွဲ။ ၁၃၇၇ ခု၊ တောင်သလင်းလကွယ်၊ အောက်တိုဘာ ၁၃ ရက်၊ ၂၀၁၅၊
အင်္ဂါနေ့။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ
နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊
အင်းစိန်

No comments:
Post a Comment