Sunday, October 25, 2015

“နေပြည်တော် မစိုးရိမ်တိုက်သစ် သြဝါဒ”


၂၂..၁၀.၂၀၁၅ ရက်နေ့၊ ည ၁၀း၀၀ နာရီ၊ နေပြည်တော် မစိုးရိမ်တိုက်သစ်၊ ဓမ္မာစရိယတန်း စာသင်သားသံဃာများကို သြဝါဒပေးတာ ဖြစ်ပါတယ်။


ဇမ္ဗူသီရိမြို့နယ် အမျိုးစောင့်ဥပဒေတရားဟောကြားပြီး အပြန် မစိုးရိမ်တိုက်သစ်ကို ခဏဝင်ရင်း စာသင်သားသံဃာများကို သြဝါဒပေးတာပါ။
နေပြည်တော် မစိုးရိမ်တိုက်သစ်မှာ ဓမ္မာစရိယတန်း သံဃာပေါင်း ၁၇၀ ကျော် ရှိပါတယ်။ ဓမ္မာစရိယဘွဲရ ၅ ပါးရှိပြီး တစ်ကျမ်းအောင် နှစ်ကျမ်းအောင် သံဃာပေါင်း ၄၀ ကျော်စီ ရှိပါတယ်။


တည်ထောင်တာ ၁၀ နှစ်မပြည့်သေးပေမယ့် ပစ္စည်းလေးပါးလည်း ပြည့်စုံ၊ အောင်ချက်လည်းကောင်းတဲ့ ဓမ္မာစရိယကျောင်းတိုက်လေးတစ်ခုပါ။


ပဓာန နာယကဆရာတော် ဦးအဂ္ဂဓမ္မ က စာရေးသူနှင့် စာသင်ဘက် သူငယ်ချင်းပါ။ ရောက်တုန်းရောက်ခိုက် သံဃာတွေနှင့် မိတ်ဆက်ပေးပြီး သြဝါဒပေးခိုင်းတာပါ။


ဘယ်အမတ်လောင်းကို မဲပေးရမလဲ အမေးခံရသူများအတွက် ကောင်း တော် မှန် အမတ်လောင်းများကို အဂတိတရား ကင်းရှင်းစွာနှင့် မဲပေးရွေးချယ်တတ်အောင် နည်းလမ်းပြတဲ့ သြဝါဒ ဖြစ်ပါတယ်။


တစ်ရောင်တည်းသော သင်္ကန်းနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်းရှိတဲ့ သံဃာတော်များကို ဖူးမြင်ခွင့်ရတာ စိတ်ချမ်းသာစရာပါ။

ကျေးဇူးပဲ သူငယ်ချင်း။
https://www.youtube.com/watch?v=az5FSXiSOUo

No comments:

Post a Comment