မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ
၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေအမှတ် (၅ဝ)
၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် (၂၆-၈-၂ဝ၁၅)ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြဋ္ဌာန်းခဲ့။
အခန်း(၉)ခန်း၊ ပုဒ်မပေါင်း (၄၁)ခု ပါဝင်။
ဗုဒ္ဓဘာသာဝင်မဟုတ်သည့်ယောက်ျား လိုက်နာရမည့်အချက်များ
၁၉။ ဤဥပဒေအရ ထိမ်းမြားခဲ့သည် သို့မဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခြင်းခံရသည့် ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောက်ျားသည် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမ၏ ယုံကြည်ကိုးကွယ်မှုနှင့်စပ်လျဉ်း၍-
(က) မြန်မာဗုဒ္ဓဘာသာဝင်မိန်းမအား ¤င်းသက်ဝင် ယုံကြည် သည့်ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုခြင်း။
(ခ) မြန်မာဗုဒ္ဓဘာသာဝင်မိန်းမနှင့် ရရှိသည့် သားသမီး များအား ၎င်းတို့သဘောဆန္ဒအတိုင်း သက်ဝင်ယုံကြည်ရာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုရမည်။
(ဂ) လင်နှင့်မယားတို့ နေထိုင်သည့်အိမ်တွင် မြန်မာဗုဒ္ဓ ဘာသာဝင် မိန်းမက ဗုဒ္ဓရုပ်ပွားတော်များ၊ ဗုဒ္ဓပုံတော်များ၊ စေတီပုထိုးပုံတော်များ၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာ ပုံတော်များ၊ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အသုံးအဆောင်ပစ္စည်းများကို ထားရှိခွင့်၊ ကိုးကွယ်ခွင့် ပြုရမည်။
(ဃ) မြန်မာဗုဒ္ဓဘာသာမိန်းမက အလှူဒါနပြုလုပ်ခြင်း၊ ဘုရားရှိခိုးခြင်း၊ တရားဓမ္မနှင့် ပရိတ်ရွတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားနာခြင်း၊ တရားထိုင်ခြင်း၊ ဘုရားကျောင်းကန်များသို့ သွားရောက်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဗုဒ္ဓစာပေများ၊ ကျမ်းဂန်များ ထားရှိလေ့လာဖတ်ရှုခြင်း၊ ကြည့်ရှုခြင်း၊ နာကြားခြင်း၊ ဗုဒ္ဓဘာသာဆိုင်ရာ ဆောင်ရွက်မှုတို့ကို ခွင့်ပြု ရမည်။
(င) မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမ၏ ဗုဒ္ဓဘာသာကိုးကွယ် ယုံကြည်မှုကို တစ်နည်းနည်းဖြင့် စွန့်လွှတ်စေပြီး မိမိ ကိုးကွယ်ရာဘာသာသို့ ဖြစ်စေ၊ အခြားဘာသာ တစ်မျိုးမျိုးသို့ ဖြစ်စေ ကူးပြောင်းကိုးကွယ်စေမှု မပြုရ။
(စ) ဗုဒ္ဓဘာသာကို စော်ကားရန်အကြံဖြင့် မိန်းမကိုးကွယ် ဝတ်ပြုသော နေရာကိုသော်လည်းကောင်း၊ အထွတ်အမြတ် ထားသော အရာဝတ္ထုကိုသော်လည်းကောင်း ဖျက်ဆီးရန် သို့မဟုတ် ပျက်စီးနစ်နာစေရန် သို့မဟုတ် ယုတ်ညံ့စေရန် မပြုရ။
(ဆ) မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမ၏ ဘာသာရေး သက်ဝင်ယုံကြည်မှုကို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အမူအရာဖြင့် ဖြစ်စေ စော်ကားခြင်း မပြုရ။
(ဇ) မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမ ကွယ်လွန်သည့်အခါ ၎င်းအား ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းစဉ်လာအရ ဆောင်ရွက် သင်္ဂြိုဟ်ခြင်းကို ခွင့်ပြုရမည်။
၂ဝ။ အခြားတည်ဆဲဥပဒေ သို့မဟုတ် ဓလေ့ထုံးတမ်းက မည်သို့ပင် ဆိုစေကာမူ ဤဥပဒေအရ ထိမ်းမြားခဲ့သည့် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားသည် ပုဒ်မ ၁၉ တွင် ပြဋ္ဌာန်းထားသည့် အချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက မြန်မာ ဗုဒ္ဓ ဘာသာဝင်မိန်းမက ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောက်ျားကို ကွာရှင်းနိုင်သည်။ ထိုအကြောင်းကြောင့် ထိုမိန်းမက ထိုယောက်ျားကို ကွာရှင်းလျှင်-
(က) ထိုယောက်ျားသည် လင်မယားနှစ်ဦးပိုင် ပစ္စည်းများမှ မိမိ၏ အစုကို စွန့်လွှတ်ရမည့်အပြင် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမအား ဆုံးရှုံးနစ်နာမှုအတွက် လျော်ကြေးပေးရမည်။
(ခ)မြန်မာဗုဒ္ဓဘာသာဝင်မိန်းမသည် သားသမီးအားလုံးကို အုပ်ထိန်းခွင့် ရရှိမည်။
(ဂ) ထိုယောက်ျားသည် အရွယ်မရောက်သေးသည့် သား သမီးများအတွက် ကလေးစရိတ်ပေးရမည်။
၃၃။ ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောက်ျားသည် ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ (ဂ)နှင့် ပုဒ်မခွဲ (ဃ)ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်။
မိန်းမကိုဖြစ်စေ၊ သားသမီးတွေကိုဖြစ်စေ လွတ်လပ်စွာ ကိုးကွယ်ခွင့် မပြုလျှင် ထိုယောက်ျားကို ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ် ငါးသိန်းအထိလည်း ထပ်ဆင့်ချမှတ် နိုင်သည်။
၃၄။ ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောက်ျားသည် ပုဒ်မ ၁၉၊ ပုဒ်မခွဲ (င)ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို (၂)နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ်သိန်းနှစ်ဆယ်ထက် မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်။
မိန်းမကို ဗုဒ္ဓဘာသာမှ အခြားဘာသာသို့ ကူးပြောင်းခိုင်းလျှင် ထိုယောက်ျားကို ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် သိန်းနှစ်ဆယ်အထိ ထပ်ဆင့် ချမှတ်နိုင်သည်။
၃၅။ ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောက်ျားသည် ပုဒ်မ ၁၉၊ ပုဒ်မခွဲ (စ)၊ ပုဒ်မခွဲ (ဆ)နှင့် ပုဒ်မခွဲ (ဇ)ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ်တစ်ဆယ့်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်။
ဗုဒ္ဓဘာသာဝင်မိန်းမ အထွတ်အမြတ်ထားရာ ဘုရားစင်၊ ရုပ်ပွားတော် စသည်ကို ဖျက်ဆီးစော်ကားလျှင်၊ ဗုဒ္ဓဘာသာဝင် မိန်းမသေဆုံးသည့်အခါ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအရ သင်္ဂြိုဟ်ခွင့် မပြုလျှင် ထိုယောက်ျားကို ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည့် အပြင် ငွေဒဏ်တစ်ဆယ့်ငါးသိန်းလည်း ထပ်ဆင့်ချမှတ်ရမည်။
ဗုဒ္ဓဘာသာဝင် မိန်းကလေးကဖြစ်စေ၊ ထိုမိန်းကလေးနှင့် လက်ထပ်မည့် ဘာသာခြားယောက်ျားလေးကဖြစ်စေ လက်ထပ် လိုကြောင်းမှတ်ပုံတင်အရာရှိထံ လျှောက်လွှာတင်ရမည်။
မိဘသဘောတူလျှင် နှစ်ဦးလုံး အသက် ၁၈ နှစ်ပြည့်ပြီးသူများ ဖြစ်ရမည်။
မိဘ (အုပ်ထိန်းသူ) သဘောမတူလျှင် အသက် ၂ဝ နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်။
အသက်မပြည့်သေးဘဲ ပြည့်သည်ဟု လိမ်လျှင်၊ အုပ်ထိန်းသူ ရှိလျက် မရှိဟုလိမ်လျှင် သုံးနှစ်အထိ ထောင်ဒဏ် (သို့မဟုတ်)တရားသူကြီး သတ်မှတ်သည့်ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ် သုံးနှစ်အထိနှင့် ငွေဒဏ်ချမှတ်နိုင်သည်။
အသက်မပြည့်သေးမှန်းသိလျက် အသက်ပြည့်သည်ဟု သက်သေလိုက်ပေးသူကိုလည်း ထိုနည်းအတူ ထောင်ဒဏ် သုံးနှစ် အထိနှင့် ငွေဒဏ် ချမှတ်နိုင်သည်။
အသက်မပြည့်ဘဲ လက်ထပ်ပေးလျှင် လက်ထပ်ထိမ်းမြား ပေးသည့် မှတ်ပုံတင်အရာရှိကိုလည်း ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ငွေဒဏ် နှစ်သိန်းအထိဖြစ်စေ၊ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
လွတ်လပ်စွာ ကိုးကွယ်ခွင့်မပြုသော၊ ဘာသာတရားကို စော်ကားသော ထိုယောက်ျားကို ဗုဒ္ဓဘာသာဝင်မိန်းမက ကွာရှင်း လိုလျှင် ထိုယောက်ျားက ပိုင်ဆိုင်မှုဥစ္စာအားလုံးကို မိန်းမအား ပေးရမည်။ သားသမီးတွေကိုလည်း မိန်းမအားပေးရမည်။ မိန်းမအတွက် နစ်နာကြေးများ ထပ်ပေးရမည့်အပြင် အရွယ်မရောက်သေးသော သားသမီးများအတွက် ကလေးစရိတ်ပါ ပေးဆောင်ရမည်။
မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၏ အနှစ်သာရမှာ- ဘာသာတရားနှင့် ရပိုင်ခွင့်ကို အကာ အကွယ်ပေးထားခြင်းပင် ဖြစ်သည်။
မွတ်စလင်ကုလားနှင့်ညားလျှင်လည်း ကိုယ့်ဘုရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရရှိမည်။ ကိုယ့်တရားကို လွတ်လပ်စွာ ကျင့်သုံးခွင့်ရရှိမည်။ ကိုယ့်သံဃာကို လွတ်လပ်စွာ ဆည်းကပ်ခွင့် ရရှိမည်။ မိဘဆရာကို လွတ်လပ်စွာ ရှိခိုးခွင့် ပူဇော်ခွင့် ရရှိမည် ဖြစ်သည်။
လင်မယား ကွာရှင်းလျှင်လည်း မယားရပိုင်ခွင့်များ အပြည့် အဝရရှိမည့်အပြင် နစ်နာကြေးနှင့် ကလေးစရိတ်များကိုပါ အဆစ် ရရှိဦးမည်ဖြစ်သည်။
သားသမီးများလည်း မှိုင်းတိုက်မခံရတော့ဘဲ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်များ ရရှိမည်ဖြစ်သည်။ဘာသာလူမျိုးခြားနေသော်လည်း ချစ်ခြင်းတရားကို ခွဲခြားခွင့် မရှိ။ သတို့သား၊ သတို့သမီးသည် အသက်ပြည့်သူဖြစ်လျှင်၊ စိတ် ပေါ့သွပ်သူ မဟုတ်လျှင်၊ အိမ်ထောင်မရှိသူ ဖြစ်လျှင် မည်သူမျှ တားမြစ်ပိုင်ခွင့် မရှိစေရ။
မပေးစားချင်၍ အသက်မပြည့်သေးဟုလည်းကောင်း၊ စိတ်မနှံ့ သူဟုလည်းကောင်း၊ လိမ်လည်အကြောင်းပြ ကန့်ကွက်လျှင် ကန့်ကွက်သူ မှန်သမျှကို ငွေဒဏ် ငါးသိန်းထိ ချမှတ်ရမည်ဟု ပုဒ်မ ၃၂ ၌ ဆိုထားသည်။
ထို့ကြောင့် ချစ်ခြင်းခွဲဒဏ် မခံစားကြရတော့ပေ။
ထို့အပြင် မတရားသက်သေနှင့် လာဘ်စားသော မှတ်ပုံတင်အရာရှိကိုလည်း တိုက်ရိုက်တရားစွဲနိုင်သော ပုဒ်မ ထည့်ထားပေးသည်။
ထို့ကြောင့် တရားဥပဒေမစိုးမိုးမည်ကို ကြောက်စရာမလိုတော့ပေ။
ဝီရသူ(မစိုးရိမ်)


No comments:
Post a Comment