၁၃.၁၀.၂၀၁၅ တော်သလင်းလကွယ်နေ့၊ မွန်းလွဲ ၂း၀၀ နာရီ၊ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိဇယာရာမကျောင်းတိုက်၊ ဝိဇယ မင်္ဂလာ ဓမ္မဗိမာန်မှာ ဟောကြားသည်။
ဝါတွင်း ဥပုသ်သီတင်းနေ့တိုင်း ကျင်းပသည့် တရားပွဲ။ ခဏခဏ ရက်ရွှေ့ခဲ့ရတဲ့ တရားပွဲပါ။ ရေဘေးကြောင့်၊ အောင်ပွဲကြောင့် ရက်ရွှေ့ခဲ့ရတာပါ။
ဟောမည့်ဟောဖြစ်တော့လည်း မိုးထဲရေထဲပါ။ မိုးကရွာ၊ အသံကမအောင်၊ ယောဂီတွေ ကြားမှကြားရဲလားမသိ။ နှစ်နာရီကြာမည့်တရား ယောဂီတွေကိုအားနာလို့ တစ်နာရီနှင့် ပြည့်စုံအောင် အနှစ်ချုပ်ပြီး ဟောခဲ့ရပါတယ်။
တရားမဟောခင်ရော တရားပွဲအပြီးမှာပါ ဝိဇယာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစာရ မဟာထေရ်နှင့် အမျိုးဘာသာ သာသနာအရေး ဆွေးနွေးခဲ့ကြပါတယ်။
“ဘုရားချစ်သော မြတ်ယောဂီ”
ဘုရားချစ်သော မြတ်ယောဂီ ဥပုသ်စောင့်ဖို့ရည်၊
နွားကျောင်းသားလိုမစောင့်နဲ့၊ အဘိဇ္ဈာအဖြစ်ဖွဲ့။
ဘုရားချစ်သော မြတ်ယောဂီ ဥပုသ်စောင့်ဖို့ရည်၊
တက္ကဒွန်းလိုမစောင့်နဲ့ အကုသိုလ်အဖြစ်ဖွဲ့။
ဘုရားချစ်သော မြတ်ယောဂီ ဥပုသ်စောင့်ဖို့ရည်၊
အရိယာဥပုသ်စောင့်ထိန်းမှ ဘုရားချီးမွမ်းရ။
No comments:
Post a Comment