Friday, October 16, 2015

ရှမ်း/မြောက်(မဘသ)နှင့်အမေရိကန်သံအမတ်တွေ့ဆုံခြင်း အပိုင်း(၃)

အမေရိကန်သံအမတ်-
သံအမတ်ကြီးဖြစ်တဲ့ အတွက် အလုပ်ကတော့နားထောင်တဲ့အလုပ်ပါဘဲ။ အများကြီးနားထောင်ချင်ပါတယ်။ အခုရွေးကောက်ပွဲ အကြောင်း၊ လူမှုဆိုင်ရာစိန်ခေါ်မှုတွေအကြောင်း၊ အဲဒီဟာတွေအားလုံးကိုကြားချင်ပါတယ်။ ဒီလူ့အသိုင်းအ၀ိုင်းတွေမှာ ဒီရွေးကောက်ပွဲ လူမှုစိန်ခေါ်မှုတွေက ဘယ်လို အကျိုးသက်ရောက်မှုရှိကြောင်း ကြားချင်ပါတယ်။ ဒီမှာရှိတဲ့ အရှင်ဘုရားတို့က ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့အတွက် ဒီဘာသာရေးခေါင်းဆောင်တွေရဲ့ သတင်းစကားတွေကို
ကို ကြားချင်ပါတယ်။ လားရှိုးမြို့ရဲ့အခြေအနေများ၊ ဖြစ်ပေါ်တိုးတက်မှု့ အခြေအနေများကို နားထောင်ချင်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘာတွေသိသင့်လဲ သံအမတ်အနေနဲ့ ဘာတွေသိသင့်လဲကြားချင် ပါတယ်။
================================

ဦးအကုၤရ-(၂)
အစည်းအဝေးလည်း သက်ဆိုင်ရာမြို့နယ် (၁၅)မြို့နယ်စုံညီ အစည်းအဝေးကို (၃)လတစ်ကြိမ် (၄)လတစ်ကြိမ် ပုံမှန်ခေါ်တယ်။ အဲဒီကဖြစ်ပျက်နေတဲ့အခြေအနေတွေ အနေအထားတွေ မြို့ရွာတွေက အခြေအနေတွေ ဒီမှာဘဲဆွေးနွေးကြတယ်။ တိုင်ပင်ကြတယ်၊ သက်ဆိုင်ရာ မ.ဘ.သအနေနဲ့ သူတို့အင်အားနဲ့ဖြေရှင်းနိုင်ဖို့ မလုံလောက်ဘူးဆိုရင် အားလုံးက ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက် ကူညီရတယ်။ သံအမတ်မေးတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ နီးလာပြီဆိုတော့ အသံတွေအမျိုးထွက် တယ်။ မ.ဘ.သရပ်တည်ချက်ကိုလဲပြောထားပြီးပြီဆိုတော့ အသံတွေထွက်တာသည် သူ့ဘာသာ ထွက်တာဖြစ်ပါလိမ့် မယ်။ ဒါဦးဇင်းတို့နဲ့ မသက်ဆိုင်ပါဘူး။

အမေရိကန်သံအမတ်-
မြန်မာဖြစ်တဲ့အတွက် ကောလာဟလအချိန်တိုင်းထွက်နေတာဘဲဘုရား။ ရှင်းပြတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အများကြီး အသိပညာဗဟုသုတရပါတယ်။ ကျေးဇူးအထူးတင်ရှိပါတယ်။
သံအမတ် မ.ဘ.သ အကြောင်း အရှင်ဘုရားပြောလို့သိပါတယ်။ သို့သော် အပြင်ကနေပြီး မသိတာ နားမလည်တာတွေရှိသလို နိုင်ငံတကာမှာရော အခြားနေရာတွေမှာရော မ.ဘ.သရဲ့ ရည်ရွယ်ချက် အမှန်အကြောင်းအရာ အမှန်တွေကို မသိကြတာအများရှိပါသည်။ ရန်ကုန်မှာလဲ အင်းစိန်ဆရာတော်ကြီးကို ဖူးမျှော်ပြီးဆွေးနွေးခဲ့ပြီးပါပြီ၊ မော်လမြိုင်မှာအထွေထွေအတွင်းရေးမှူး မြစေတီဆရာတော်နဲ့ ဆွေးနွေးခဲ့ပါသည်။ မ.ဘ.သရည်ရွယ်ချက်အမှန်နှင့် အပြင်က အမြင်တွေရောထွေးမှုကို ဘယ်လိုလုပ်မလဲဆိုတာလဲ ဆွေးနွေး ခဲ့ပါသည်။ တစ်ဦးချင်း မ.ဘ.သ နံမည်တွေနဲ့လုပ်တာတွေ၊ ပြောတာတွေနဲ့ မ.ဘ.သကို ကိုယ်စားမဲပြုဘဲပြောဆိုတဲ့ ထင်ယောင်ထင်မှားတဲ့ပြောဆိုတဲ့ကိစ္စ တွေကိုလဲ ဆွေးနွေးခဲ့ပြီးပါပြီ။
တရားပွဲတွေကျင်းပခဲ့တဲ့အခါမှာဖြစ်စေ စောစောကပြောသလို မူဆယ်မှာ စာရွက်လက်ကမ်းဝေတယ်။ အဲ့ဒီကိစ္စသည် မ.ဘ.သနဲ့ဆက်စက်မှုရှိတယ်ဆိုပြီး ထင်စရာ၊ မြင်စရာတွေ အများကြီးတွေ့မြင်နေရတာကို ကြားသိခဲ့ရတယ်။ လူတွေရဲ့အတွေးမှာ အရှင်ဘုရားတို့ ရှမ်း/မြောက်(မ.ဘ.သ) မ.ဘ.သရဲ့ရည်ရွယ်ချက်အားလုံးဟာ ကူညီဖို့၊ ဘာဖို့ညာဖို့ အဲဒီဟာတွေကျတော့ လူတွေက ကျယ်ကျယ်ပြန့်ပြန့် မသိဘဲ ခုနက စာရွက်ကိစ္စကျတော့ မ.ဘ.သနဲ့ဆက်စပ်နေတယ်။ မ.ဘ.သက ဒါတွေ လုပ်နေလားဆိုတဲ့အမြင် မှားဖြစ်ပေါ်စေတယ်ဆိုတာ ကြားသိရပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်တာတွေရှိပါတယ်ဘုရား။ ဒီတိုင်းပြည်က ဆရာတော်၊ တပည်တော်တို့ရဲ့တိုင်းပြည် ဒီတိုင်းပြည်ကို ဆရာတော်တို့ တပည့်တော်တို့က ဘယ်လိုစုစည်းကြမလဲ တည်ထောင်ကြမလဲဆိုတာ ဒီတိုင်းပြည်မှာ နေထိုင်သူများရဲ့ အကြောင်းအခြင်းရာပါဘုရား။ နိုင်ငံတကာ အနေနဲ့က အခု ဒီတိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ ခုနက တရားဥပဒေစိုးမိုးမှု မရှိသေးတာကိုလဲ ရှိစေချင်တယ်။ ပြီးတော့ငြိမ်းချမ်းရေး မရှိသေးတာကိုလဲ ရှိစေချင်တယ်။ ပြီးတော့ ညီညွတ်မှု စည်းလုံးမှုတွေ အဲဒါတွေလဲ ရှိစေချင်တယ်။ အခု ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အဲဒီဟာကိုလဲ အောင်မြင်စေချင်တယ်။ အဲလိုအောင်မြင်စေချင်တဲ့အတွက် စိုးရိမ်မှုတွေရှိပါတယ်ဘုရား။ နိုင်ငံတကာကရော ဒီကရော သို့လော သို့လောတွေဖြစ်နေတယ်ပေါ့ဘုရား၊ ဥပမာ- မိတ္ထီလာ၊ အုတ်ကံ၊ မန္တလေး၊ လားရှိုး ပဋိပက္ခတွေတွက် နိုင်ငံတကာက လူရော၊ ဒီကလူရော အမေရိကန် အစိုးရရော မေးခွန်းတွေ ဘာများဖြစ်နေလဲ။ ဒီတိုင်းပြည်ဖွင့်ဖြိုး တိုးတက်မှုနောက်နှေးသွားမှာလား။ စည်းလုံးညီညွတ်မှုက မရှိနိုင်ဘူးလား။ ငြိမ်းချမ်းမှုက မရနိုင်ဘူးလား စသည်စိုးရိမ်မှုတွေရှိပါသည်ဘုရား။

ဦးအကုၤရ(လားရႈိး)



No comments:

Post a Comment