Thursday, October 29, 2015

“မစိုးရိမ်တိုက်သစ် ပဝါရဏာပြုပွဲ”

ပဝါရဏာမပြုရတာ ၁၂ နှစ်ကျော်ပါပြီ။ မော်စကိုမှာ ၈ နှစ်ကျော်ကျော်။ ကျောင်းပြန်ရောက်တော့လည်း နေခင်း တရားပွဲတွေနှင့် ကြုံနေရလို့ မပြုဖြစ်ခဲ့ရတာပါ။
ဒီနှစ်မှာတော့ တရားပွဲကို ရက်ပြောင်းပေးဖို့ ပြောထားခဲ့ရတာပါ။
သီတင်းကျွတ်လပြည့်နေ့တိုင်း နေ့တရားပွဲနှင့် တိုက်ဆိုင်နေရင် ပဝါရဏာ ပြုရတော့မှာ မဟုတ်တော့လို့ တရားပွဲကို ရက်ရွှေ့ခိုင်းလိုက်တာပါ။
ပဝါရဏာ ပြုတဲ့နေ့ကျမှပဲ မဟာနာယကဆရာတော်များ ခရီးထွက်ချိန်နှင့် ကြုံနေရပါတယ်။
နောင်တော်နာယကများ ညီတော်နာယကများကလည်း တရုတ်ပြည်သို့ ဗုဒ္ဓဘာသာညီလာခံ သွားနေကြလို့ နာယက ဆရာတော်များ မစုံလင်ခဲ့ပါဘူး။
သက်တမ်းရှည် ဆရာတော်ကြီး ဦးပဏ္ဍိစ္စပဲ ကြီးကြီးမားမား တစ်ပါးတည်း ရှိတော့တာပါ။
ပဝါရဏာပြုအပြီးမှာ စာရေးသူက သြဝါဒအနည်းငယ် ပေးပါတယ်။
ပရိတ်ရွတ်တဲ့အခါ သဒ္ဒါအနေအထား မှန်မှန်ကန်ကန် ရွတ်တတ်အောင် လေ့လာကြဖို့လောက်ပဲ ပြောဖြစ်ခဲ့ပါတယ်။
ထောင်မှအထွက် ပွဲဦးထွက် ပဝါရဏာပွဲလေးပါ။

မှတ်မှတ်ရရပါပဲ။ 





No comments:

Post a Comment