Saturday, October 17, 2015

“ကမ္ဘာလုံးဆိုင်ရာ ဗလီဆောက်မှုဆန့်ကျင်ရေးနေ့ ဆိုပါလား”


မန်း မဘသ က အပတ်စဉ် အစည်းအဝေးကျင်းပရက်အဖြစ် စနေနေ့ကို ရွေးချယ်ခဲ့တယ်။
သြဇီသားတွေက ဂယ်ဘဲ ကဲကဲလွန်းတယ်။
(ဘာတဲ့.. ကမ္ဘာလုံးဆိုင်ရာ ဗလီဆောက်မှုဆန့်ကျင်ရေး ဟုတ်လား..)
=====================================================


“သြစတြေးလျတွင် ဆန္ဒပြမှုများဖြစ်”
======================
ဆစ်ဒနီ၊ အောက်တိုဘာ ၁၁
ရည်မွန်အောင်
သြစတြေးလျနိုင်ငံ၊ ဗစ်တိုရီးယားပြည်နယ်၊ ဘန်ဒီဂိုမြို့၌ စနေနေ့တွင် လူရာပေါင်းများစွာပါဝင်သော အစ္စလာမ်ဆန့်ကျင်ရေးဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘန်ဒီဂိုမြို့၌ ဗလီတစ်ခုတည်ဆောက်မည့်အစီအစဉ်ကိုဆန့်ကျင်သည့်အနေဖြင့် ညီညွတ်သော မျိုးချစ်များတပ်ဦးအဖွဲ့မှ လက်ယာဝါဒီလှုပ်ရှားသူများသည် ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အား သီးခံမှုရှိရေးလှုပ်ရှားနေသည့် လက်ယာဝါဒီလှုပ်ရှားသူများက တန်ပြန်ဆန္ဒပြခဲ့သည်။
အစွန်းရောက်အဖွဲ့တချို့သည် အမေရိကန်ပြည်ထောင်စုရှိ မြို့များနှင့် အခြားနိုင်ငံများရှိ မြို့ကြီးများတွင် အစ္စလာမ်ဆန့်ကျင်ရေးဆန္ဒပြမှုများပြုလုပ်ရန် လူမှုမီဒီယာများမှတစ်ဆင့် လှုံ့ဆော်ထားသည်။
ဗစ်တိုရီးယားအစ္စလာမ်ကောင်စီသည် ရဲတပ်ဖွဲ့နှင့်တွေ့ဆုံပြီး မွတ်ဆလင်များ ဘေးကင်းစွာ နေထိုင်ခွင့်ရှိရေး လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် အစွန်းရောက်တချို့သည် စနေနေ့အား ကမ္ဘာလုံးဆိုင်ရာ ဗလီဆောက်မှုဆန့်ကျင်ရေးနေ့အဖြစ် သတ်မှတ်ထားကြောင်း သတိပေးချက်ကို ကောင်စီ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွမ်းတန်းဘူးလ်အပါအဝင် နိုင်ငံရေါ်ခေါင်းဆောင်များက မွတ်ဆလင်အသိုင်းအဝိုင်းအပေါ် ခြိမ်းခြောက်မှုများကို ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။
Source: Reuters
12.10.2015- မန္တလေးအလင်း သတင်းစာ

No comments:

Post a Comment