၁၆.၁၀.၂၀၁၅ ရက်၊ မနက် ၀၀း၃၀ နာရီလောက်မှာ စာရေးသူရဲ့အိပ်ခန်းကို တစ်ခုခုနှင့် ပစ်ခတ်သွားပါတယ်။
တည်းခိုနေကျ မြောက်ဒဂုံအိမ်က အိပ်ခန်းကို ပစ်ခတ်သွားတာပါ။
ည သန်ခေါင်ယံအချိန် တစ်နာရီမထိုးခင်လေးမှာ ခွေးတွေတအားဟောင်လို့ တစ်အိမ်လုံးနိုးနေချိန်မှာ ‘ထုံး’ဆိုတဲ့အသံကြီး ကြားလိုက်ရတာပါ။
မနက်ကျမှ အိပ်ခန်းခေါင်းရင်း မှန်ပြူတင်းကိုထိမှန်သွားပြီး မှန်ကွဲစလေးတွေ လွင့်စင်ပြန့်ကျဲနေတာကို တွေ့ရတာပါ။
မှန်ပြူတင်းမှာ ကျည်ဆန်ရာလိုလို ဖန်ပေသီးရာလိုလို အပေါက်ကလေးတစ်ခုနှင့် အက်ကြောင်းလေးတွေလည်း တွေ့ရပါတယ်။
ခန်းဆီးကို အပြည့်ချထားတာကြောင့် နေရာမှန်းပြီး ပစ်ခတ်ပုံပေါက်ပါတယ်။
စာရေးသူကို သတင်းပို့ပေမယ့် စာရေးသူက နယ်ခရီးထွက်နေတာကြောင့် နောက်ကျမှသိရပါတယ်။ သက်ဆိုင်ရာကို ညရောက်မှ သတင်းပို့ကြပါတယ်။
၁၇.၁၀.၂၀၁၅ မနက် ၉း၃၀ နာရီကနေ မွန်းလွဲ၂း၀၀ နာရီအထိ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာစစ်ကြပါတယ်။
ထူးဆန်းတာက ကျည်ခွံလည်းမတွေ့၊ ဖန်ပေသီးလည်းမတွေ့၊ စက်ဘီးကုံးသီးလည်းမတွေ့ကြတာပါပဲ။ အဖွဲ့စုံမှ လူ ၂၀ လောက် တစ်ခန်းလုံးမွေရှာတာတောင် ရှာလို့မတွေ့နိုင်တာပါ။ ရေခဲကျည်ဆန်များ ဖြစ်နေမလားပဲ။ (တရုတ်မှာတကယ်ရှိတယ်နော်)
တိုက်ဆိုင်တာက ၄.၁၀.၂၀၁၅ မနက်ပိုင်းမှာ Reuter သတင်းဌာနနှင့် အိမ်မှာပဲ တွေ့ဆုံကြတာရယ်။ အိမ်မှာရပ်ထားတဲ့ကား၊ သုဝဏ္ဏကွင်းသွားတဲ့ကား၊ ပုသိမ်သွားတဲ့ကားကို တွေ့မြင်ကြတာရယ်ကြောင့် ကားရှိရင် လူရှိမယ်ထင်ပြီး ပစ်ခတ်သွားပုံရပါတယ်။ ကားက အဖြူရောက် အာရာဖတ်အမျိုးအစားပါ။ မပစ်ခတ်ခင် ညဦးပိုင်းမှာ ကားကိုထားခဲ့တာကြောင့် သေချာပေါက်တွက်ပြီး ပစ်ခတ်သွားတာပါ။
ဒီရက်ပိုင်းအတွင်းမှာပဲ အိမ်ကိုကင်မရာနှင့်လာရိုက်တဲ့ အဖွဲ့တစ်ဖွဲ့တွေ့ရပါတယ်။ မြန်မာအမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက်၊ နိုင်ငံခြားသားအမျိုးသမီးတစ်ယောက်ပါတဲ့ အဖွဲ့က အိမ်ရှေ့မှာ ဓာတ်ပုံ ဗီဒီယို လာရိုက်ပါတယ်။ မြန်မာအမျိုးသမီးက အိမ်ကိုလက်ညှိုးထိုးပြနေတာကို အိမ်ရှင်တွေက တွေ့မြင်လိုက်တာပါ။
နောက်တစ်ဖွဲ့ကတော့ ကားကိုအရှိန်လျှော့မောင်းပြီး ကားပေါ်ကနေ ဟန်ဆင်းနှင့် ဗီဒီယိုရိုက်သွားတာပါ။
ခပ်လှမ်းလှမ်းရောက်တဲ့အထိပါပဲ။ ကားမောင်းသူက မိန်းကလေးဖြစ်ပြီး နိုင်ငံခြားသားက ဟန်းဆက်နှင့် ဗီဒီယိုရိုက်နေတာလို့ သိရပါတယ်။ အိမ်နှင့် မျက်နှာချင်းဆိုင် ဓာတ်ဆီဆိုင်က ကလေးတွေ မြင်လိုက်ရတာပါ။
Reuter သတင်းဌာနက စာရေးသူကို မြန်မာဘင်္လာဒင် ခေါင်းစဉ်တပ်ပြီး ဆော်ပလော်တီးခဲ့တဲ့ သတင်းဌာနဖြစ်ပြီး အိမ်လာတုန်းကလည်း ဂူဂဲလ်မြေပုံကြည့်ပြီး လာတယ်လို့ ပြောခဲ့ပါတယ်။ စာရေးသူက ကြည့်ကျက်လုပ်ဦး အိမ်ကိုလာပြီး ဗုံးခွဲနေပါဦးမယ်လို့တောင် စခဲ့ပါသေးတယ်။
အိမ်က နှစ်ထပ်တိုက်အိမ်ပါ။ စာရေးသူက အောက်ထပ်မှာ အိပ်ပါတယ်။ ကားလမ်းဘေးဘက်ကို မျက်နှာမူတဲ့ အခန်းပါ။
အိမ်ရှင်ကတော့ ကရင်မကြီး အမိုးပါ။ စာရေးသူက မယ်တော်ကြီးလို့ပဲ ခေါ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်ပါ။ စာရေးသူကိုတော့ သားတစ်ယောက်လိုချစ်သူပါ။ အိမ်အပေါ်ထပ်မှာ ဂေါတမဘုရားစင်ရော သခင်ယေရှုဘုရားစင်ရော နှစ်ခုလုံး ရှိပါတယ်။
သားဖြစ်သူက ဗုဒ္ဓဘာသာပါ။ အရင်က လုံခြုံရေးစိတ်ချရတဲ့ ခွေးကြီးနှစ်ကောင် ရှိပါတယ်။ ခွေးမွေးတာ အကုသိုလ်ကြီးကြောင်း ဟောပြောပြလို့ မမွေးတော့တာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက သတင်းတွေကြားနေရတာပါ။ အသေခံ (၁၈) ယောက်ဝင်လာမယ်။ အောက်တိုဘာ (၁၀)ရက်နေ့ရောက်မယ်။ လက်မှာ လူမသေ တာဝန်မကျေ စာတန်းထိုးထားတယ် စတာတွေပါ။
အမျိုးစောင့်ဥပဒေလည်း အောင်မြင်သွာပါပြီ။ အရပ်သုံးစကားနှင့်ပြောရရင် အသေဖြောင့်ပြီပေါ့ဗျာ။
ခုနေခါ သေသွားရင် အထင်လွဲတာတွေ ဆဲဆိုတာတွေက အကုန်ရပ်သွားတော့မှာပေါ့နော်။
ကျေးဇူးကုဋေပါပဲ။
ဝီရသူ (မစိုးရိမ်)
18.10.2015
PM-1:50
စုံစမ်းမေးမြန်းနိုင်ပါသည်
ဦမောင်မောင်
(အိမ်ရှင်)
095055586
09793303050







No comments:
Post a Comment