Saturday, October 17, 2015

“အမျိုးသမီးကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင်များနှင့် တိုက်ရိုက်မဆက်ဆံရ”


ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည့်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသမီးပြည်သူ့ကိုယ်စားလှယ်လောင်းများအား မဲဆန္ဒရှင်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းမပြုရန် ရွေးကောက်ပွဲကော်မရှင်က သတိပေးထားကြောင်း သိရသည်။
ဒီဇင်ဘာ(၁၂)ရွေးကောက်ပွဲများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုပေးထားသော်လည်း နိုင်ငံတွင် ကျင့်သုံးဆဲဖြစ်သော ကျား မ ခွဲခြားစနစ်ကိုမူ ဖျက်သိမ်းခြင်းမပြုသေးကြောင်း ကော်မရှင်က ပြောဆိုခဲ့သည်။ ယင်းကြောင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများသည် အမျိုးသားကိုယ်စားလှယ်လောင်းများကို ငှားရမ်းပြီး ၎င်းတို့ကိုယ်စား မဲဆွယ်စည်းရုံးစေရမည် ဖြစ်သည်။
ယင်းသို့မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ဆက်ဆံခဲ့ပါက ရီယယ်စ် (၁၀၀၀၀) (၂၆၆၇)ဒေါ်လာ ပေးဆောင်ရမည်ဖြစ်သည်။ ထို့အပြင် အမျိုးသမီးကိုယ်စားလှယ်လောင်းများသည်။ ရွေးကောက်ပွဲမဲဆွယ်ရာတွင် ၎င်းတို့၏ ဓာတ်ပုံများကို ရိုက်နှိပ်ဖော်ပြခွင့်လည်း ပိတ်ပင်ခံထားရသည်။
Source: BBC
14.10.2015- မန္တလေးအလင်း သတင်းစာ

No comments:

Post a Comment