၁၀.၁၀.၂၀၁၅ ညနေ ၆း၀၀ နာရီ၊ မန်း မ.ဘ.သ ရုံးစိုက်ရာ ကင်းဝန်မင်းကြီးတိုက်၊ အကျော်ကျောင်း စနေနေ့ ပုံမှန်အစည်းအဝေးပွဲမှာ နိဂုံးချုပ် သြဝါဒပေးတာ ဖြစ်ပါတယ်။
အမျိုးစောင့်ဥပဒေတရားပွဲများအကြောင်း ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးအကြောင်းများ ဆွေးနွေးအပြီးမှာ မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။
မ.ဘ.သ အဖွဲ့ဟာ ဘယ်ပါတီ ဘယ်အစိုးရရဲ့ လက်ကိုင်ဒုတ်မှ မဟုတ်ဘူး ...
မ.ဘ.သ အဖွဲ့ဟာ အမျိုးသား နိုင်ငံရေးသက်သက်သာ ဖြစ်တယ် ...
အမျိုးဘာသာ သာသနာ အရေးကို ထိခိုက်စော်ကားလာလျှင် အစိုးရပဲ ဖြစ်ဖြစ် အတိုက်အခံပါတီပဲ ဖြစ်ဖြစ် တုန့်ပြန် ဖြေရှင်းရလိမ့်မယ် ...
၂၀၁၅ ရွေးကောက်ပွဲအတွက် ဘယ်ပါတီ မဲပေးရမယ် .. ဘယ်ပါတီ မဲမပေးရဘူးလို့ မ.ဘ.သ အဖွဲ့မှာ ပြည်သူကို ဘယ်တော့မှ မပြောမဟောဘူး ... ပြည်သူတွေ ကိုယ်ကြိုက်တဲ့ ပါတီ ကိုယ့်ဘာသာ မဲပေးကြလိမ့်မယ် ... အေး တချို့က NLD မဲနိုင်သွားရင် အမျိုးစောင့် ဥပဒေ ပြန်အဖျက်ခံလိမ့်မယ်လို့ စိုးရိမ်နေကြတယ် ... ဘယ်အစိုးရ တက်တက် အမျိုးစောင့် ဥပဒေ ဖျက်ရဲရင် ဖျက်ကြည့်ပါ .. စိန်လွင် သမ္မတ (၇)ရက်ဖြစ်တယ် .. အမျိုးစောင့် ဥပဒေ ဖျက်တဲ့ အစိုးရ သမ္မတ(၇)ရက် မကြာစေရဘူး .. တစ်နိုင်ငံလုံး အုံကြွသွားစေရမယ် .. ။
ပါတီနိုင်ငံရေးဆိုတာ ဘယ်တော့ဖြစ်ဖြစ် ပြည်သူကို အသုံးချတာပဲ .. ဖဆပလ ရွေးကောက်မှာ ပြန်ကြည့်ပေါ့ .. တစ်ဖက်နဲ့ တစ်ဖက် သတ်ကြလို့ လူတွေ သေလိုက်ကြတာ ... ။ အခုလဲ ဒီလိုပါပဲ ...
ပါတီနိုင်ငံရေး သမားတွေကတော့ သူတို့ ပါတီ အောင်နိုင်ရေးအတွက် အထက်လမ်းနည်းတွေ အောက်လမ်းတွေ အကုန်လုံး သုံးနေကြတာပါပဲ ... ။ အဲဒီတော့ ပြည်သူတွေအနေနဲ့ ကိုယ်ကြိုက်တဲ့ ပါတီကို မဲပေးကြပါ .. ဘယ်သူ့ မဲ ပေးပါ .. ဘယ်သူ့ မဲ မပေးပါနဲ့ ဆိုတာတော့ မ.ဘ.သ အဖွဲ့အနေနဲ့ ပါတီနိုင်ငံရေး မပြောမဟောပါ .. ။
မ.ဘ.သ အဖွဲ့ ဆိုတာ အားလုံး သိကြတဲ့ အတိုင်း ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ဘယ်အစိုးရ ရဲ့ အထောက်အပံ့ စပွန်ဆာမှ မရှိပဲ အမျိုးသားရေး သက်သက်သာ လုပ်နေကြခြင်းဖြစ်တယ် .. ။ အားလုံး ညီညီညွတ်ညွတ်နဲ့ ကိုယ့်အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ ... ။

No comments:
Post a Comment