မိုးညှင်း၊
အောက်တိုဘာ ၇
ကချင်ပြည်နယ်
မိုးညှင်းမြို့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ထီးလင်း ဆရာတော်ဘုရားနှင့်
အဖွဲ့ဝင်ဆရာတော်များ၏ သြဝါဒအရ (၇.၁၀.၂၀၁၅) ညနေ (၄း၀၀) နာရီအချိန်တွင် မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံ
ခွဲစိပ်ဆောင်၌ ဆေးကုသမှုခံယူနေသော မိုးညှင်းမြို့ ထန်းတပင်ရွာမှ မိုင်းထိသူများဖြစ်သည့်
ဒေါ်စန်းဦး အသက် (၄၈)နှင့် မယုယုချို အသက် (၃၇ )နှစ်တို့အား မိုးညှင်း မဘသ တွဲဖက် ဘဏ္ဍာရေးမှူး
ဦးမောင်ထွန်း၊ မိုးညှင်း မဘသ ပြန်ကြားရေးကိုယ်စလှယ် ကိုဇင်မင်းထွန်း၊ မိုးညှင်း မဘသ စာရင်းကိုင်အဖွဲ့ဝင်
ကိုစိုးထွေးအောင်တို့က အဖွဲ့ကိုယ်စား တစ်ဦးလျှင် ၇၀၀၀၀ (ခုနှစ်သောင်း) ဖြင့် စုစုပေါင်း
တစ်သိန်းလေးသောင်း ကျပ်နှင့် စားစရာများလှူဒါန်းခဲ့ကြပါသည်။
(၅.၁၀.၂၀၁၅)
တနင်္လာနေ့ နေ့လည် ၁ နာရီအချိန်တွင် မိုးညှင်းအရှေ့တောင်ဖက် မျှစ်ချိုးသွားစဉ် မိုင်းဟုယူဆရသော
အရာဝတ္ထု ကိုနင်းမိပြီး ပေါက်ကွဲသဖြင့် အခုလို ဒဏ်ရာများရရှိပြီး ဆေးကုသခံနေရပါသည်ဟု
ကာယကံရှင် တစ်ဦးဖြစ်သည့် မယုယုချို၏ ပြောပြချက်အရ သိရှိရပါသည်။
ကျော်ထူး
(မိုးညှင်း)


No comments:
Post a Comment