Friday, October 30, 2015

“အဖြူထည်သက်သက် ချစ်တတ်သူ”



သူ့လူမျိုးအတွက်
သူစွန့်လွှတ်ခဲ့တာတွေဟာ
အာဏာမက်မောလို့ မဟုတ်ဘူး။

သူ့သာသနာအတွက်
သူပေးဆပ်ခဲ့တာတွေဟာ
ရာထူးမက်လို့ မဟုတ်ဘူး။

သူ့နိုင်ငံအတွက်
သူ အနစ်နာခံနေတာတွေဟာ
ဆုလာဘ်မက်မောလို့ မဟုတ်ဘူး။

စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်း
အနစ်နာခံခြင်းတို့နှင့် ပြည်နှက်နေသော
သူ့နှလုံးသားက
အမှန်တရားကို မြတ်နိုးသောကြောင့်ပဲ ဖြစ်တယ်။

ဝီရသူ (မစိုးရိမ်)
30.10.2015

PM-12:50

No comments:

Post a Comment