Friday, October 30, 2015

“ခုံဖိနပ်နှင့်ပဲ တန်တဲ့ မိန်းမ”


(....)မ ယန်ဟီးလီ အပိုးကျိုးသွားပြီ အောင့်မေ့နေတာ။ မုဆိတ်စာမိသွားလို့ ဇောင်းထလာပြန်ပြီ။ တွေ့ကြသေးတာပေါ့။ မင်း .. ဒီတစ်ခါလာရင် ခုံဖိနပ်နှင့် ဆီးကြိုမယ်။
မြန်မာပြည်ရဲ့ အကြောင်း၊ မြန်မာပြည်သူတွေရဲ့ အကြောင်း ကောင်းကောင်းကြီး သိသွားစေရမယ်။
လက်ထပ်ခွင့် သားဖွားခွင့် ပိတ်ပင်ခံရတယ် ဆိုတာ မင်း ဘာကိုကြည့်ပြီး ပြောတာလဲ။
မောင်တောမြို့နယ်၊ အလယ်သံကျော်ရွာမှာ ကုလားကြီးတစ်ယောက် မယားကြီးလေးယောက် သားသမီ မြေးမြစ်အပါအဝင် တစ်အိမ်တည်း တစ်မိသားစုတည်းမှာတင် လူဦးရေ ၈၂ ဦးရှိတယ်။
ခိုးဝင်ကုလားတွေကို လွတ်လပ်စွာသွားလာခွင့်ပေးရအောင် ဒီနိုင်ငံက မင်းလင်တွေရဲ့နိုင်ငံလား။
မင်းတို့ပဲ တရားမျှတဆိုတဲ့စကားလုံးကို အမြဲသုံးခဲ့တယ်။ တရားဥပဒေနှင့်မညီ (စည်းကမ်းနှင့်မညီ)တဲ့ အမတ်လောင်းတွေကို ခွင့်မပြုတာ၊ နိုင်ငံသားမဟုတ်လို့ မဲပေးခွင့်မပေးတာကျတော့ မင်းတို့က စိုးရိမ်ပြန်ရော။
လှေစီးထွက်ပြေးနေတဲ့ ဘင်္ဂလီတွေက မင်းလင်ဘင်္ဂလားဒေ့ရှ်နိုင်ငံက မဟုတ်ဘူးလား။
ဒါလား သံအမတ်
သံတမန်က သံစကားပြော။
ပွဲစားသံပေါက်လာရင် (....)မအောက် ယုတ်နှိမ့်တဲ့ စကားလုံးတွေကို မင်းခံယူရလိမ့်မယ်။
မင်း ဒီတစ်ခါလာရင် ခိုးကြောင် ခိုးဝှက်မလာနဲ့။
 ခုံဖိနပ်နှင့် ကြိုချင်လို့။

ဝီရသူ (မစိုးရိမ်)
30.10.2015
PM-5:20
=================================================================

ဘင်္ဂလီအရေး ကုလလူ့အခွင့်အရေးကိုယ်စားလှယ်တင်ပြချက် မြန်မာအစိုးရ ကန့်ကွက်
=========================================================
ရန်ကုန်၊ အောက်တိုဘာ ၂၉
မြန်မာနိုင်ငံတွင် ဘင်္ဂါလီများကို ခွဲခြားဆက်ဆံနေမှုများအပေါ် စိုးရိမ်သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ တင်ပြချက်များကို ကန့်ကွက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးဦးဇော်ဌေးက ပြောကြားသည်။
အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေးထွေညီလာခံတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ဘင်္ဂါလီအရေးအပါအဝင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်၍ တင်ပြခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများသည် လက်ထပ်ခွင့်၊ ပိတ်ပင်ခံရပြီး နိုင်ငံသားအခွင့်ရေးများဆုံးရှုံးကာ ဆင်းဆင်းရဲရဲနေရသည့်အပေါ် စိုးရိမ်ကြောင်း ၎င်း၏တင်ပြချက်တွင် ပါရှိသည်။
ကလေးမွေးဖွားခွင့်မှာ စွပ်စွဲချက်ဟောင်းများသာဖြစ်ပြီး ကန့်သတ်ထားခြင်း ဟုတ် မဟုတ် ယင်းနေရာသို့ ရောက်ဖူးသူတိုင်း သိရှိနိုင်ကြောင်း လွတ်လပ်စွာသွားလာခွင့်မှာ နိုင်ငံသားတိုင်းရရှိပြီး နိုင်ငံသားမဟုတ်သူများမှာ ခွင့်ပြုချက်တောင်းရမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။
“အစိုးရအနေနဲ့ နိုင်ငံသားလျှောက်ထားခြင်းမရှိတဲ့သူတွေကို နိုင်ငံသားပေးဖို့ မဖြစ်နိုင်ပါဘူး”ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲတွင် မွတ်ဆလင်အများစုပါဝင်သည့် လွတ်တော်ကိုယ်စားလှယ် ၉၀ ကျော်ကို ကိုယ်စားလှယ်လောင်းအရည်အချင်း မပြည့်မီဟုဆိုကာ ပယ်ချမှု၊ ၂၀၁၀ နှင့် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲတို့တွင် မဲပေးခွင့်ရရှိခဲ့သည့် ရိုဟင်ဂျာ (ဘင်္ဂလီ)များ မဲပေးခွင့်ဆုံးရှုံးမှုများ၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများက ရိုဟင်ဂျာ (ဘင်္ဂလီများ) လှေစီးထွက်ပြေးနေမှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ယန်ဟီးလီက ပြောဆိုထားသည်။
“အရင်က ချို့ယွင်းချက်တွေ ရှိကောင်း ရှိခဲ့မှာပါ။ ဒါပေမယ့် နိုင်ငံတော်သမ္မတကြီးက ဒီလိုဖိအားတွေ လာမယ်ဆိုတာ သိလျက်နှင့် ဖြစ်သင့် ဖြစ်ထိုက်တာကို ဆောင်ရွက်ခဲ့တာပါ။ နိုင်ငံသားမဟုတ်တဲ့သူတွေကို မဲပေးဖို့ ဘယ်နိုင်ငံတွေကများ ခွင့်ပြုခဲ့သလဲ”ဟု ၎င်းက ယခင်က မဲပေးခွင့်ရသူများ လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့်မရမှုနှင့်ပတ်သက်၍ တုံ့ပြန်သည်။

ခွဲခြားဆက်ဆံခံရ၍ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းမှ ဘင်္ဂလီများ လှေစီးထွက်ပြေးနေကြသည်မှာ မမှန်ကန်ဟု အစိုးရက အကြိမ်ကြိမ်ရှင်းလင်းထားသော်လည်း ယင်းသို့ ဆက်လက်ပြောဆိုမှုမှာ ရိုးသားမှုမရှိကြောင်း ၎င်းက ဆိုသည်။ 
30.10.2015 The Voice သတင်းစာ

No comments:

Post a Comment