Wednesday, October 14, 2015

ရှမ်း/မြောက်(မဘသ)နှင့်အမေရိကန်သံအမတ်တွေ့ဆုံခြင်း အပိုင်း(၂)


အမေရိကန်သံအမတ်~~~~~
သံအမတ်ကြီးဖြစ်တဲ့ အတွက် အလုပ်ကတော့နားထောင်တဲ့အလုပ်ပါဘဲ။ အများကြီးနားထောင်ချင်ပါတယ်။ အခုရွေးကောက်ပွဲ အကြောင်း၊ လူမှုဆိုင်ရာစိန်ခေါ်မှုတွေအကြောင်း၊ အဲဒီဟာတွေအားလုံးကိုကြားချင်ပါတယ်။ ဒီလူ့အသိုင်းအ၀ိုင်းတွေမှာ ဒီရွေးကောက်ပွဲ လူမှုစိန်ခေါ်မှုတွေက ဘယ်လို အကျိုးသက်ရောက်မှုရှိကြောင်း ကြားချင်ပါတယ်။ ဒီမှာရှိတဲ့ အရှင်ဘုရားတို့က ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့အတွက် ဒီဘာသာရေးခေါင်းဆောင်တွေရဲ့ သတင်းစကားတွေကို ကြားချင်ပါတယ်။ လားရှိုးမြို့ရဲ့အခြေအနေများ၊ ဖြစ်ပေါ်တိုးတက်မှု့ အခြေအနေများကို နားထောင်ချင်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘာတွေသိသင့်လဲ သံအမတ်အနေနဲ့ ဘာတွေသိသင့်လဲကြားချင် ပါတယ်။
================================
ဦးအကုၤရ~~~~~~(၂)
ဒီလုပ်ငန်းကိုဆိုတဲ့ နေရာမှာ မ.ဘ.သ လုပ်ငန်းဆိုတဲ့ထဲမှာအများကြီးရှိပါတယ်။ တိုင်းရင်းသားကဏ္ဍ အပိုင်းအနေနဲ့ဆိုလဲ မ.ဘ.သ ကပါဝင်လုပ်ဆောင်တဲ့အနေအထားတွေ အများကြီးရှိပါတယ်။ အခုရေဘေး/လေးဘေး၊ လောက်ကိုင်စစ်ပွဲ စတဲ့ကဏ္ဍတွေမှာလဲ မ.ဘ.သပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘာသာတူတူမတူတူ ဥပမာ-ချင်း ဆိုရင်လဲ ခရစ်ယာန်တွေပါ သူတို့ကိုဘာလို့သွားကူညီရလဲဆိုတော့ မ.ဘ.သရဲ့မူဝါဒ ရည်ရွယ်ချက်ထဲမှာ ဒီလိုရှိတယ်။ ဘာသာတစ်ခုထဲမဟုတ်ဘဲ လက်တွဲလို့ရတဲ့ ပူပေါင်းလုပ်ဆောင်လို့ရတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းအကုန်လုံး မှန်သမျှနဲ့ လက်တွဲမှာဖြစ်ပါတယ်။ သို့သော် သူတို့ရဲ့ဦးတည်ချက်သည် ဘာဖြစ်ရမလဲဆိုတော့ ငြိမ်းချမ်းဖို့ မှန်ကန်ဖို့ အမှန်တရားဖြစ်ဖို့လိုအပ်တယ်။ မ.ဘ.သခေါင်းစဉ်အောက်က ဖွင့်ဆိုခဲ့တဲ့အတိုင်းပဲ အားလုံးရဲ့လူမှုရေး ကျန်းမာရေး ကဏ္ဍတွေအားလုံးကို စောင့်ရှောက်ကူညီ ရိုင်းပင်းဖို့ အဲ့လိုလုပ်ငန်းတွေလဲ ရှိပါတယ်။ မ.ဘ.သ ကတော့ အပြင်မှာ ပြောနေကြသလို တစ်ဖက်ဖက်ကို ရပ်တည်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း၊ NLDကို တိုက်ခိုက်တဲ့အဖွဲ့အစည်း အစရှိသဖြင့် ပြောဆိုစွပ်စွဲနေကြပါတယ်။ တကယ့် မဘသမူဝါဒ လုပ်ငန်းစဉ် အရ ရပ်တည်ချက်ကတော့ အဲ့လိုမဟုတ်ပါဘူး။ သို့သော် အချို့က ဥပမာအနေနဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က မ.ဘ.သ အဖွဲ့ဝင်ဖြစ်မယ်။ သူပြောလိုက်တဲ့စကားက ဘေးကျွံရင်ကျွံသွားမယ်။ မ.ဘ.သအစည်းအဝေးဆုံးဖြတ်ချက်အရ ပြောရေးဆိုခွင့်ရှိသူကပြောတာမဟုတ်တဲ့အတွက် အဲဒီကဏ္ဍသည် မ.ဘ.သ နဲ့မဆိုင်ပါဘူး။ မ.ဘ.သ ရဲ့မူဝါဒကတော့ ပြောခဲ့ပြီးတဲ့အတိုင်းပဲဖြစ်ပါတယ်။ မ.ဘ.သ အနေနဲ့ယန္တရားလည်နေတာကတော့ ဘဏ္ဍာရေးအပိုင်း၊ အသိပညာပေးစည်းရုံးရေး၊ သင်တန်းရေးရာ၊ သုတေသနသမိုင်း၊ ဥပဒေရေးရာ၊ ရုံးအဖွဲ့အပိုင်း ဆိုပြီး၆ခုနဲ့ လည်ပတ်နေပါတယ်။
မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းမဆို ဦးဇင်းတို့ကတော့ အမြဲလက်တွဲခေါ်တယ်။ သို့သော် အချို့က လက်မတွဲနိုင်တဲ့ အကြောင်းရင်းက ပါတီစွဲတွေ ပုဂ္ဂိုလ်စွဲတွေကြောင့် မ.ဘ.သ အပေါ်မှာတမျိုးမြင်နေကြတယ်။ ဥပမာ NLDပါတီဝင်ကို မ.ဘ.သ အဖွဲ့ဝင်တစ်ယောက်ယောက်က NLDကို ဘာညာ ဆန့်ကျင်တာ ကန့်ကွက်တာတွေ တစ်ခုခုပြောချင်ရင်ပြောမယ်။ အဲ့လိုပြောတာသည် မ.ဘ.သအဖွဲ့က မသိဘူး။ မ.ဘ.သအဖွဲ့ကမသိပဲနဲ့ မ.ဘ.သက လုပ်တယ်ထင်ပြီးမှ သူတို့သည် ဗုဒ္ဓဘာသာဝင်ဖြစ်လင့်ကစား ကိုယ့်တိုင်းရင်းသားတွေ ဖြစ်လင့်ကစား ရန်သူလိုဆက်ဆံကြတယ်။ အဲ့လိုအနေထားမျိုးလေးတွေ ဥပမာအနေနဲ့ လွန်ခဲ့တဲ့ (၅)ရက်လောက်က မ.ဘ.သ တံဆိပ်ကို အသုံးပြုပြီးမှ ဦးဇင်းတို့ရှမ်းမြောက် မ.ဘ.သကနေ ဖြန့်ခိုင်လို့ဆိုပြီး မူဆယ်မှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေမှုလေးတွေ ရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးထိုက်ကြောင်း ဘာညာ ဆိုတဲ့ဟာမျိုးဘယ်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းလုပ်သလဲတော့ မသိလိုက်ဘူး။ မ.ဘ.သ ရဲ့ ရက်တည်ချက်ကို တစ်ခါတည်းပြောထားပြီးပြီ မ.ဘ.သက ဘယ်ပါတီကို မဲပေးပါ။ ဘယ်ပါတီကို မဲမပေးပါနဲ့ လုံးလုံးမပြောဘူး။ ဒီအပိုင်းက ပြည်သူကနေ ဆုံးဖြတ်ပါလိမ့်မယ်။ သူတို့ကဏ္ဍဘဲဖြစ်တယ်။ အဲ့လိုမျိုး မူဆယ်မှာ အဲ့လိုလုပ်သွားတဲ့အနေထားမျိုးလေးကို လွန်ခဲ့တဲ့ ငါးရက်လောက်က အင်တာနက်မှာဘဲ တော်တော်ပြန့်သွားတယ်။ တကယ် မ.ဘ.သ လုပ်တာမဟုတ်ဘူး။ရွေးကောက်ပွဲ နီးလာတော့ ဒီလိုကဏ္ဍလေးတွေရှိတယ် ဒီလိုအကျဉ်းအကြပ်လေးတွေရှိတယ်။ တော်တော်သတိထားရတယ်။ သက်တမ်းကလဲ ငယ်သေးတယ်။ (၂)နှစ်ဘဲရှိသေးတယ် (၂)နှစ်ဘဲရှိသေးတဲ့အတွက် အားလုံးပြည့်ပြည့်စုံစုံဖြစ်အောင်တော့ မဖြစ်နိုင်ဘူး။ ဟာကွက် ပျော့ကွက်တော့ ရှိပါတယ်။ သို့သော် မည်သို့ပင်ဖြစ်စေ မ. ဘ.သ ရဲ့ မူဝါဒ ရည်ရွယ်ချက်လုပ်ငန်းအနေနဲ့ ပတ်သက်ပြီး အဓိက က ဘယ်ဘက်မှ မယိုင်ပါဘူး ၊ ဘယ်ဘက်မှမပါပါဘူး။ အစိုးရက ဖွဲ့ပေးထားတဲ့ အဖွဲ့အစည်းလည်းမဟုတ်ပါဘူး။ အစိုးရအတွက် လုပ်ပေးတဲ့ အဖွဲ့အစည်းလည်းမဟုတ်ပါဘူး။ ပါတီတစ်ခုအတွက် လုပ်ပေးတဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ ပုဂ္ဂိုလ်တစ်ဦးအတွက် လုပ်ပေးတဲ့ အဖွဲ့အစည်းလည်းမဟုတ်ပါဘူး။ ဒီအမျိုးဘာသာသသာနာ ခေါင်းစဉ် အောက်ကနေပြီးတော့ ကိုယ်အမျိုးဘာသာသသာနာနဲ့ နိုင်ငံတော်ကို တတ်နိုင်တဲ့ ကဏ္ဍကနေပြီး စွမ်းနိုင်တဲ့ အနေအထားနဲ့ လုပ်ပေးတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။

ဦးအကုၤရ(လားရႈိး)


No comments:

Post a Comment