ခြေပေါ်ဖို့ထက်
ဂိုးရဖို့က
အဓိက
ကစားကွက်လှဖို့ထက်
ဖလားရဖို့က
အဓိက။
အိမ်ကွင်းမှာ
ခြေစွာဖို့ထက်
အဝေးကွင်းမှာ
မရှုံးနှိမ့်ဖို့က အဓိက။
ဦးဆောင်ဂိုးရဖို့ထက်
အနိုင်ဂိုးသွင်းဖို့က
အဓိက။
ပြိုင်ဘက်ကိုခြိမ်းခြောက်နိုင်ဖို့ထက်
အခွင့်ကောင်းကို
လက်မလွတ်ဖို့က အဓိက။
ဂိုးသွင်းလိုက်တိုင်း
အောင်ပွဲခံဖို့ထက်
ပွဲမပြီးခင်
ကစားအားမကျဖို့က အဓိက
ဝီရသူ (မစိုးရိမ်)
15.10.2015

No comments:
Post a Comment