၂၄.၉.၂၀၁၅ ည ၆း၀၀ နာရီ၊ မန္တလေး အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း၊ ၆၀×၆၂ လမ်းကြား၊ မေတ္တာနန္ဒ ဓမ္မဒူတကျောင်းမှာ တွေ့ဆုံကြပါတယ်။
မစ္စတာပေါလ်မွန်းနီ (Mr. PouL Mooney)က အမေရိကန်နိုင်ငံသားပါ။
သတင်းမီဒီယာအရည်အသွေးမြှင့် လက်တွေ့ဆွေးနွေးပွဲ (MODERN SKILLS FOR DEALING WITH FAST CHANGING GLOBALISED WORLD) သင်တန်း ဒုတိယနေ့ (၂၆.၉.၂၀၁၅)မှာ ပို့ချသူ ဖြစ်ပါတယ်။
သူပို့ချသည့်ဘာသာရပ်က Western Journalism and Media Interview Skills (အနောက်တိုင်း စာနယ်ဇင်းပညာနှင့် မီဒီယာအင်တာဗျူး ကျွမ်းကျင်မှု) ဖြစ်ပါတယ်။
ဒေါက်တာအရှင်ဓမ္မပိယကျောင်းတိုက် မေတ္တာနန္ဒ ဓမ္မဒူတကျောင်းမှာ သင်တန်းပို့ချရင်း အင်တာဗျူးတာ ဖြစ်ပါတယ်။
ဒေါက်တာအရှင်ဓမ္မပိယက ဘာသာပြန်ပေးပြီး ပထမနေ့ သင်တန်းပို့ချသူ မစ္စက်ရနီဖာ (Ms. Yeannifer)ကလည်း လာရောက်နားထောင်ပေးပါတယ်။
မစ္စတာပေါလ်က စာရေးသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို စမေးပါတယ်။
စာရေးသူ ကျော်ကြားရခြင်းအကြောင်း၊ စာရေးသူအကြောင်း မကောင်း ပြော လွှင့်နေကြတဲ့ အနောက်မီဒီယာတွေအပေါ် စာရေးသူရဲ့သဘောထား၊ အနောက်မီဒီယာတွေက စာသူကို ထိုးနှက်နေရခြင်းအကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားရေးရပ်တည်ချက် သဘောထား၊ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှင့် ရဟန်းသံဃာ ဆက်စပ်မှု၊ ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေး၊ မူဆလင်ဒုက္ခသည်တွေအပေါ် စာရေးသူရဲ့ သဘောထား၊ ရခိုင်ပြည်ကို INGO တို့ အဂတိလိုက်စားမှု၊ ခွဲခြားဆက်ဆံမှု၊ ရွေးကောက်ပွဲအပေါ် မဘသ မူဝါဒ၊ စာရေးသူကို ထောင်ချခဲ့တဲ့ အစိုးရအပေါ် စာရေးသူရဲ့ သဘောထား၊ ၂၀၁၃ တုန်းက ဧရာဝတီဝက်ဘ်ဆိုက်ကိုပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အုပ်ချုပ်ရင် တိုင်းပြည် ဖရိုဖရဲဖြစ်လိမ့်မယ် ဆိုတဲ့ စာရေးသူရဲ့စကားရပ် စတာတွေ မေးပါတယ်။
>>>မြန်မာပြည်မှာ အကျော်ကြားဆုံးရဟန်းတစ်ပါးဖြစ်တယ်လို့ ယူဆခြင်းခံရတဲ့အကြောင်းကတော့ ချစ်သူရော မုန်းသူရော ပေါလို့ပါပဲ။ အမှန်တရားကိုချစ်တဲ့သူတွေက ချစ်ပြီး၊ အမှန်ပြောတာကို မခံရပ်နိုင်သူတွေက မုန်းကြတာပါ။
>>>လူကိုယူတာ လက်ခံတယ်။ ဘုရားကိုစွန့်ခိုင်းနေတာကို မကျေနပ်လို့ အမျိုးစောင့်ဥပဒေ တောင်းဆိုရခြင်း ဖြစ်တယ်။
>>>ညီညွတ်စေချင်လို့ ငြိမ်းချမ်းရေးကိုလိုလားလို့ ဦးပဉ္စင်းနှင့် လက်တွဲနေကြတဲ့ မူဆလင်တွေရှိသလို ရိုးရိးအေးအေးနေတဲ့ ဘင်္ဂလီတွေလည်း ရှိပါတယ်။ ဘင်္ဂလီတွေကို ကြိုးကိုင်နေတဲ့ RSO တွေက တစ်နံပါတ် တရားခံတွေပါ။ သူတို့ကို ထိန်းချုပ်နိုင်ရင် ရခိုင်အရေး အေးချမ်းသွားမှာပါ။
>>>မူဆလင်ပဲဖြစ်ဖြစ်၊ မူဆလင်မဟုတ်သူတွေပဲဖြစ်ဖြစ်၊ ဒုက္ခရောက်နေတဲ့ မည်သူကိုမဆို ကြင်နာတတ်ပါတယ်။ သနားတတ်ပါတယ်။ လူသားတွေမပြောနဲ့ တိရစ္ဆာန်တွေအပေါ်တောင် ကြင်နာသနားတတ်ပါတယ်။
>>>ကိုယ့်ကိုယ်ထောင်ချခဲ့တဲ့သူတွေကို ကိုယ်ကပြန်ပြီး ထောက်ခံတဲ့အကြောင်းကတော့ ပုဂ္ဂလဓိဋ္ဌာန်၊ ဓမ္မဓိဋ္ဌာန် ခွဲခြားထားလို့ပါ။ ပုဂ္ဂိုလ်ရေးအရဆိုရင် ဒီအစိုးရကို အတော်မုန်းပါတယ်။ လုံးဝမကြိုက်ပါဘူး။ လုံးဝမကြေနပ်ပါဘူး။ တိုင်းပြည်နှင့် လူမျိုးအတွက်ကတော့ လောလောဆယ်မှာ ဒီအစိုးရရှိမှ ဖြစ်ပါမယ်။
>>>အလှပြင်ရုံ၊ ပန်းစည်းမျှော်ရုံ၊ လက်ခုပ်သံတွေ နားစွန့်နေရုံနှင့်တော့ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
အဲဒါတွေပြောလို့ မုန်းတာလည်း ပါပါတယ်။ (ရယ်ကြသည်)
No comments:
Post a Comment