Sunday, October 18, 2015

“မိုးညှင်းမြို့နယ်၊ အင်ကြင်းကုန်ရွာ ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် ဆိုင်းဘုတ်ဖွင့်ပွဲကျင်းပ”


 မိုးညှင်း၊ အောက်တိုဘာ ၁၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်ကြင်းကုန်းရွာ ဘုန်းတော်ကြီးကျောင်းတိုက် မန္တလေးမြို့ သစ္စဝေဒဂူ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ဝင် *"အင်ကြင်းကုန်းယဉ်ကျေးလိမ္မာ ဓမ္မစကူလ်း  "* ဆိုင်းဘုတ် တင်အခမ်းအနားကို ဒီနေ့ နေ့လည် ၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်အနားကို မိုးညှင်း အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ထီးလင်းဆရာတော်ဘုရားနှင့် မိုးညှင်းအမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူးဆရာတော်တို့က တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မိုးညှင်းမဘသ ဥက္ကဌ ထီးလင်းဆရာတော်ဘုရားမှ ကြွရောက်လာကြကုန်သော ဒါယကာ ဒါယိကာမအပေါင်းတို့နှင့် သားငယ်သမီးငယ်များကို ငါးပါးသီလနှင့် ယဉ်ကျေးလိမ္မာ သြဝါဒတရားများ ချီးမြင့်ခဲ့ခြင်းနှင့် သားငယ်သမီးငယ်များ ဆရာဆရာမများနှင့် အမှတ်တရ ဓါတ်ပုံမှတ်တမ်းများရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ညနေ ၃း၀၀ နာရီမှာ ပိတ်သိမ်းခဲ့ကြောင်သတင်းရရှိပါတယ်။


         ကျော်ထူး    (ထီးလင်း  )



No comments:

Post a Comment