Tuesday, October 27, 2015

“ရွေးကောက်ပွဲ အန္တရာယ် ကာကွယ်ကြ”


၂၄.၁၀.၂၀၁၅ ရက်နေ့မှာ ဗမာတစ်ယောက် အသတ်ခံလိုက်ရပါတယ်။
တောင်ဒဂုံမြို့နယ်၊ (၇၀)ရပ်ကွက်၊ ကိုနေလင်းအေင် (၂၀)နှစ် အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
တက္ကစီမောင်းသူဖြစ်ပြီး လည်ပင်းနှင့် ဝမ်းဗိုက်ကို ဓားဖြင့် ထိုးသတ်ခံလိုက်ရတာပါ။
သတ်သူက ခင်မောင်ဝင်း (ခ) အာစီမူလာ (၂၈)နှစ် ဖြစ်ပါတယ်။
၂၅.၁၀.၂၀၁၅ နေ့မှာပဲ အာစီမူလာကို ဒေါပုံမြို့နယ်မှာ ဖမ်းမိခဲ့ပါတယ်။ အခုဆို အင်းစိန်ထောင် ရောက်နေပါပြီ။
၂၆.၁၀.၂၀၁၅ ရက်နေ့မှာ သေဆုံးသူ နေလင်းအောင်ရဲ့ ဇနီးဖြစ်သူ ဆေးရုံတက်ရပါတယ်။ လင့်သောကကြောင့် ဆေးရုံတက်ခဲ့ရတာပါ။
၂၆ ရက်နေ့ ညမှာပဲ တောင်ဒဂုံမြို့နယ် ၇၁/၇၂ ရပ်ကွက်ကြားရှိ မူဆလင်ဆိုင်ခန်းအချို့ အဖျက်ဆီးခံလိုက်ရပါတယ်။
ညဥ့်နက်သန်ခေါင်အချိန်ကြီးမှာ လာဖျက်သွားကြတာပါ။ ဒေသခံပြည်သူတွေ ဘယ်သူမှ မသိလိုက်ရပါဘူး။ ကြီးကြီးမားမားမပျက်စီးခဲ့ပေမယ့် ဗလီမှန်ပြတင်းကွဲသွားတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကြီး နီးလာပါပြီ။ ဒါမျိုးတွေ မကြာခဏပေါ်လာတော့မှာပါ။ သူများယောင်တိုင်း မယောင်ကြဖို့နှင့် ဥပဒေမဲ့ မတုန့်ပြန်မိအောင် ဝိုင်းဝန်းထိန်းကျောင်းရမှာ ဖြစ်ပါတယ်။
အခုတော့ ခရိုင်ရဲမှူးကိုယ်တိုင် လုံခြုံရေး တာဝန်ယူနေတယ်လို့ သိရပါတယ်။







No comments:

Post a Comment