ခွပ်ဒေါင်းဆိုတာ
တိုက်စစ်မှူးပါ
သူမရှိလို့
မဖြစ်ဘူး။
ကဒေါင်းဆိုတာ
ခံတပ်မှူး
သူမပါလို့
မရဘူး။
ခြင်္သေ့ဆိုတာ
တောဘုရင်
ကွင်းလယ်ခေါင်က
ဖန်တီးရှင်။
စပါးနှံဆိုတာ
ဒို့ရိက္ခာ
သူရှိပါမှ
အားရှိမှာ။
ခမောက်ဆိုတာ
ခိုလှုံရာ
နေဒဏ်မိုးဒဏ်
ကာကွယ်မှာ။
တူတံစဉ်ဆိုတာ
အရံအင်အား။
ပြည်သူဆိုတာ
မန်နေဂျာ။
သံဃာဆိုတာ
ထိန်းကျောင်းသူ။
ကမ္ဘာကြီးက
ပရိသတ်။
အားလုံးစုံမှ၊
အကွက်ကျမှ၊ ဟန်ချက်ညီမှ၊
အပေးအယူတည့်မှ၊
အချိတ်အဆက်မိမှ၊
အောင်မြင်ရာ
အောင်မြင်ကြောင်း
အသင်းကောင်းတစ်ခု
ဖြစ်နိုင်မှာ။
ဝီရသူ (မစိုးရိမ်)
14.10.2015
PM-
12:40

No comments:
Post a Comment