ကလေး အောက်တိုဘာ
၁၆
မကွေးတိုင်းဒေသကြီး
ပခုက္ကူ ရိုင် ပေါက်မြို့နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် ကလေးမြို့ ''
လေသာပညာဒါနကျောင်း ''တွင် ညအိပ်ပြီးမနက်အခါတွင်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ပြင်သာကျေးရွာအိမ်ထောင်စု ၃၀၄အိမ်ထောင်စုအား
ပြန်လည်တည်ထောင်နိုင်ရန် ငွေကျပ် ၁၀သိန်းနှင့် ကျေးရွာရေဘေးသင့် ပြည်သူများအား ဆန် ၂ ပြည် အဝတ်အထည် စသည်တို့ကို လှူဒါန်းပြီး ကလေးမြို့နယ်
ကျီကုန်းကျေးရွာ ၃၇၆ အိမ်ထောင်စုအား ရေဘေးသင့်ပြန်လည်တည်ထောင်နိုင်ရန်
ငွေကျပ် ၁၀ သိန်း ဆန် ခြင်ထောင် စောင် ခေါင်းအုံး အဝတ်အထည် စသည်တို့ကိုလှူ
ဒါန်းခဲ့ပါသည် ။
ဆက်လက်၍ ကလေးမြို့ မော်လိုက်ကလေးမြောက်ရွာ ၁၇၃ အိမ်ထောင်စုအတွက်လည်း
ငွေကျပ် ၁၀ သိန်းနှင့် ဆန် ခြင်ထောင် စောင် အဝတ်ထုတ် ။ ဆရာတော်အတွက် သင်္ကန်း အိုးခွက်ပန်းကန်
စောင် ခေါင်းအုံး စသည်တို့ကို လှူခဲ့ပါသည်။
မော်လိုက်ကလေးတောင်ရွာ
ရေဘေးသင့် အိမ်ထောင်စု၁၂၀ တို့အား စောင် ဖိနပ်အဝတ်အထည်နှင့် ရွားဦးကျောင်းဆရာတော်အား
သင်္ကန်း အိုးခွက် ပန်းကန် စောင်ခေါင်းအုံး ဆန်နှင့် ရပ်ရွာ ကျောင်းစသည် ပြန်လည်ထူထောင်နိုင်ရန်
ငွေကျပ် ၁၀ သိန်းတို့ကို ပေးလှူ၍ နန်းစောင်းပုကျေးရွာရှိ
အိမ်ထောင်စု ၄၀၂ အိမ်တို့အား စောင်အဝတ်အထည်နှင့် ရပ်ရွာ ပြန်လည်တည်ထောင်ရန် ကျပ်သိန်း
၁၀၀ တို့ကိုလှူ ဒါန်ပြီး ရွာဦးကျောင်းဆရာတော်အား သင်္ကန်း စောင် ခေါင်းအုံး ပန်းကန်
ဆန်စသည်တို့ကို လှူဒါန်းကာ နေသာပညာဒါနကျောင်းဆရာတော်အား ပြန်လည်ပြုလုပ်သင့်သည်များ
ပြန်လည် ပြုပြင်နိုင်ရန် ငါးသိန်းကျပ်ကိုလှူ ဒါန်းပြီး လှူဖွယ်ဝတ္ထု အစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေပြီး
မကွေးတိုင်းဒေသကြီး ပခုက္ကူ ခရိုင် ပေါက်မြို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် 17'10'2015 ရက်နေ့တွင် ပေါက်မြို့သို့ပြန်ရောက်ပါသည် ။
ပေါက်မြို့အမျိုး
ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ပေါက်မြို့နယ်မှ
အလှူခံ၍ရရှိသော
ပစ္စည်းများနှင့် ဝတ္ထုငွေများကို ရှင်းတမ်း
စာရွက်ထုတ်၍ သီးတင်းကျွတ်လဆန်း ၁၂ ရက်နေ့ မဘသနှစ်ပတ်လည်အစည်း အဝေးတွင် ရှင်လင်းသွားမည်ဖြစ်ပါသည်။
အများနှင့်လုပ်ရသည်ဖြစ်၍
အမှားပါက နားလည်ပေးကြပါရန်
မေတ္တာရပ်ခံအပ်ပါသည် ။
သွေးသစ်နေခြည်
17'10'2015 pm






No comments:
Post a Comment