Monday, October 19, 2015

“စီးပွားရေးမဂ္ဂဇင်းနှင့် အင်တာဗျူး”


“စီးပွားရေးမဂ္ဂဇင်းနှင့် အင်တာဗျူး”
====================
၂၅.၉.၂၀၁၅ မွန်းလွဲ ၁း၀၀ နာရီ၊ ဓမ္မသဟာယကျောင်းမှာ တွေ့ဆုံဖြေကြားပါတယ်။
အင်္ဂလန်နိုင်ငံ The Economist မဂ္ဂဇင်းပါ။ လာရောက်မေးမြန်သူကတော့ Jon Fasman မစ္စတာ ဂျွန်ဖက်စ်မန်း တောင်အာရှအရာရှိဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှာ ရုံးစိုက်ပါတယ်။
မနက်ပိုင်းရောက်လာပါတယ်။ ဘာသာပြန်သမားမပါတော့ အလုပ်မဖြစ်ပါ။ မနက်စာချတာကိုတော့ လေ့လာခွင့်ရသွားပါတယ်။
အဆက်အသွယ်မရှိလို့လား ငွေကြေးမတတ်နိုင်လို့လား မေးပြီး ဂိုက်ကိုချိတ်ပေးလိုက်ပါတယ်။ အဆင်ပြေသွားကြပါတယ်။
မဘသရဲ့ အန္တိမပန်းတိုင်၊ အစ်နေ့မှာ သားသတ်တဲ့ကိစ္စ၊ ရွေးကောက်ပွဲနှင့် စာရေးသူကဏ္ဍ၊ နိုင်ငံရေးနှင့် ရဟန်းသံဃာဆက်စပ်မှု စတာတွေ မေးပါတယ်။
မဘသရဲ့ နောက်ဆုံး (အန္တိမ)ပန်းတိုင်ဟာ လုံခြုံနှင့် ငြိမ်းချမ်းရေးပါ။
အစွန်းရောက်မွတ်စလင်အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့သက်သက်ပါ။ အစ္စလာမ်ကိုတော့ မတိုက်ခိုက်ပါဘူး။ အစ္စလာမ်တွေက တိုက်ခိုက်လာမှာကိုတော့ အစွမ်းကုန်ကာကွယ်ရမယ်။
အစ်နေ့သားသတ်ပွဲတွေဟာ မူဆလင်တွေ သွေးယဉ်ပါးအောင် လေ့ကျင့်နေတာလို့ပဲ မြင်တယ်။ အခု နွားတွေရဲ့လည်ပင်းပေါ်မှာ ကျရောက်နေတဲ့ဓားဟာ တစ်ချိန်မှာ ဗုဒ္ဓဘာသာတွေရဲ့ လည်ပင်းပေါ်ကို ကျရောက်လာလိမ့်မယ်လို့ မြင်ယောင်နေတယ်။
အပြစ်မဲ့တဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်ပြီးမှ အလှူလုပ်တာကို ကုသိုလ်ရတယ်လို့ ယုံကြည်နေရင် မှားယွင်းတဲ့ အယူအဆဖြစ်သွားပြီ။ ဟိန္ဒူတွေ ခရစ်ယာန်တွေလို ဘာသာရေးပွဲတော်တွေမှာ အပြစ်ကင်းတဲ့ အောင်ပွဲတစ်ခုခု လုပ်မယ်ဆိုရင် စိုးရိမ်စာရာ မရှိပါဘူး။
ပြည်သူတွေ မအအောင်၊ ပြည်သူတွေရွေးချယ်တတ်အောင်၊ ပြည်သူတွေရွေးချယ်မှုမမှားအောင် တင်ပြပေးမည့် အခန်းကဏ္ဍမှာ ရှိနေပါတယ်။
ကမ္ဘာကြီးမှာရှိတဲ့ သတင်းသမားတွေကို ပြောချင်တာပါ။ မိမိရဲ့ စာနယ်ဇင်းအတတ်ပညာနှင့် ကမ္ဘာသူ ကမ္ဘာသားတွေကို အလုပ်အကျွေးပြုကြပါ။ စာနယ်ဇင်းအတတ်ပညာကို လက်နက်တစ်ခုလို အသုံးပြုပြီး မတိုက်ခိုက်ကြပါနဲ့။
ပြည်သူတွေအနေနှင့် စာနယ်ဇင်းမှာပါလာတယ်ဆိုပြီး အမှန်လို့ တန်းမယူဆပါနဲ့။ လက်တွေ့ကျကျလေ့လာပြီးမှ အမှားအမှန်ကို ဆုံးဖြတ်ပါ။
သူများလက်ညှိုးထိုးတိုင်း လိုက်ထိုးရင် အပြစ်မဲ့တဲ့သူကို ထိုးမိတဲ့အခါ အပြစ်တအားကြီးတယ်။ သမိုင်မှာ ကိုယ်ပါတရားခံဖြစ်သွားမယ်။
လက်ခုပ်တီးသင့်တဲ့နေရာကျမှ လက်ခုပ်တီးပါ။ လက်ခုပ်မတီးသင့်တဲ့သူကို တီးမိသွားရင် သမိုင်းမှာ တရားခံဖြစ်သွားမယ်။

သူတို့ပဲ ဘုန်းဘုန်း ဘုန်းဘုန်း၊ သူတို့ပဲ ကတုံး ကတုံးနဲ့ အဲဒီလို ဗလောင်းဗလဲဆန်တဲ့သူတွေကို နိုင်ငံဘယ်လိုပုံအပ်ရမှာလဲ။ အဲဒီ ဗလောင်းဗလဲသမားတွေကို နိုင်ငံပုံအပ်ရင် ဒီနိုင်ငံရဲ့ အနာဂတ်က ကောင်းနိုင်ပါ့မလား လို့ပဲ မေးချင်တယ်။ 


No comments:

Post a Comment