Monday, October 19, 2015

“ဒီမိုကရေစီနှင့် သီအိုရီ (၂)”



စော်ကားရဲကြတာကိုပဲ
သတ္တိခဲလို့ သူတို့ထင်။

ပြစ်မှားရဲကြတာကိုပဲ
ဂုဏ်ယူစရာလို့ သူတို့ထင်။

ဝေဖန်တာကိုကျ
ကဲ့ရဲ့တယ်လို့ သူတို့မြင်။

ထောက်ပြတာကိုကျ
ဆန့်ကျင်တယ်လို့ သူတို့မြင်။

သြော်... ဒီမိုကရေစီ ဒီခရီးမှာ
သီအိုရီတွေ စီးဆင်းနေဦးမှာပါလား...။

ဝီရသူ (မစိုးရိမ်)
19.10.2015

PM-9:00

No comments:

Post a Comment