Monday, October 19, 2015

“ရမည်သင်းမြို့နယ် ရွာတန်း ၂၄ ရွာ ဟောပြောပွဲ”


၁၆.၁၀.၂၀၁၅ ရက်နေ့၊ ည ၇း၀၀ နာရီ၊ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းရွာ၊ သစ္စာရတနာ မဟာဘုံကထိန်ခန်းမ၊ အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ။
ရွာတန်းတိုက်နယ်မှာ ရွာအုပ်စု ၄ စု ကျေးရွာပေါင်း ၂၄ ရွာ ရှိပါတယ်။ 
၂၄ ရွာလုံးဆိုင်ရာ သစ္စာရတနာမဟာဘုံကထိန်ခန်းမမှာ ကျင်းပခြင်းဖြစ်ပြီး ရွာတန်းရွာ ရတနာအောင်မြေ ဓမ္မနာဒပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တကုမာရတို့ ဦးစီးပြီး ပရဟိတလူငယ်မောင်မယ်မျာ ကျင်းပတဲ့ပွဲပါ။ 
အခမ်းအနားမှူးက ဘဒ္ဒန္တကုမာရ၊ ရွာတန်းရွာ ရတနာအောင်မြေဆရာတော် ဘဒ္ဒန္တတိက္ခသာရ က သြဝါဒပေးပြီး သိမ်ကုန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တ က မိတ်ဆက်စကားပြောကြားကာ စာရေးသူက အမျိုးစောင့်ဥပဒေအကြောင်း ဟောပြောပါတယ်။ 
ဟြောပြောအပြီးမှာ မေးခွန်းတွေကို ဘဒ္ဒန္တတိက္ခသာရက ဖတ်ပြပြီး စာရေးသူက ဖြေကြားပေးပါတယ်။ 
အမျိုးစောင့်ဥပဒေနှင့်ပတ်သက်တာတွေပဲ ဖြေကြားခဲ့ရပါတယ်။
ပါတီ၊ ပုဂ္ဂိုလ်နှင့်ပတ်သက်တဲ့ နိုင်ငံရေးမေးခွန်းတွေကိုတော့ ဟောပြောပွဲခေါင်းစဉ်နှင့် မညီလို့ ဖတ်မပြတော့တဲ့အကြောင်း မိန့်ကြားတာ တွေ့ရပါတယ်။ 
ရမည်းသင်း မဘသအတွင်းရေးမှူးဆရာတော် ဦးစန္ဒောဘာသ အမှူးပြုသော ဆရာတော် သံဃာတော်များလည်း ကြွရောက်ချီးမြှောက်ကြပါတယ်။ 
၂၄ ရွာမှာ ရွာသူရွာသားများဟာ ဟောပြောနေစဉ်မှာ ဆောင်ပုဒ်တွေကို သံပြိုင်လိုက်ဆိုခဲ့ကြပြီး မေးခွန်းတွေကို ဖြေကြားတဲ့အခါမှာတော့ အားရပါးရ လက်ခုပ်တီးကြတာကို တွေ့ရပါတယ်။
အားရစရာကောင်းတဲ့ ဟောပြောပွဲလေးပါ။




















No comments:

Post a Comment