မကြာမီက ပြဋ္ဌာန်းခဲ့သည့်
အမျိုးစောင့်ဥပဒေအား ဂုဏ်ပြုကြိုဆိုသည့် အခမ်းတစ်ရပ်ကို (၁၂.၁၀.၂၀၁၅)ရက်နေ့
ညနေ(၃း၀၀)နာရီတွင် မြန်အောင်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်းလွဲ(၁း၃၀)နာရီအချိန်တွင်
မြန်အောင်မြို့ မုံရွာစာသင်တိုက် စုရပ်မှ မြို့တွင်းသို့ ထွက်ခွာလှည့်လည်ပြီး အခမ်းအနားကျင်းပရာ
ပြည်သူ့ရင်ပြင်သို့ ချီတက်ခဲ့ကြရာ ရဟန်း ရှင်လူ ပရိသတ်များ သောင်းသောင်းဖျဖျ လိုက်ပါချီတက်ကြကြောင်း
သိရသည်။
ကြံခင်းနှင့်
အင်္ဂပူမြို့နယ်များမှ ရဟန်းရှင်လူပရိသတ်များလည်း တက်ရောက်အားပေးကြကြောင်း သိရသည်။
အခမ်းအနားတွင်
မြန်အောင် လေးမျက်နှာ မဟာစည်သာသနာ့ရိပ်သာဆရာတော် ဘဒ္ဒန္တပညိန္ဒာဘိဝံသ မှ အဖွင့်သြဝါဒမိန့်ကြားခြင်း၊
မ.ဘ.သ(ဗဟို)
ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသမှ ပေးပို့သော သဝဏ်လွှာအား မြန်အောင်မြို့နယ် သံဃာနာယကဥက္ကဋ္ဌ
ကံလှကျောင်းဆရာတော် ဘဒ္ဒန္တသုမင်္ဂလမှ ဖတ်ကြားခြင်း၊
MRTV-4 ဆရာတော်
ဘဒ္ဒန္တကဉ္စနောဘာသမှ အမျိုးစောင့်ဥပဒေဆိုင်ရာ သိမှတ်ဖွယ်များ ဟောပြောခြင်း၊
ဦးနေမျိုးဝေ
(မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)မှ “အမျိုးစောင့်ဥပဒေကို နိုင်ငံရေးအမြင်ဖြင့်
သုံးသပ်ခြင်း”ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊
အမျိုးသားရေးတေးသံရှင်
အဆိုတော်လင်းထိုက်မှ အမျိုးသားရေးတေးသီချင်းများ ဂုဏ်ပြုဖျော်ဖြေခြင်း အစီအစဉ်များဖြင့်
ကျင်းပပြုလုပ်ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း
သိရသည်။






No comments:
Post a Comment