Saturday, October 10, 2015

“မိုးညှင်းမြို့နယ်လုံးဆိုင်ရာ အမျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပ”


မိုးညှင်းမြို့အတွင်းရှိ မဘသ ဆရာတော် သံဃာတော်များနဲ့ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြတဲ့ ရဟန်းရှင်လူ ပြည်သူတွေက နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်းလိုက်ပြီးဖြစ်တဲ့ အမျိုးစောင့်ဥပဒေကို ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
၁၃၇၇ ခု၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ ၁-၁ဝ-၂ဝ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် မြသိန်းတန်ဘုရားကြီးဝင်းအတွင်းမှာ ရဟန်းသံဃာတော်များ၊ သီလရှင်ဆရာကြီး ဆရာလေးများ၊ အမျိုးချစ်တဲ့ မိုးညှင်းပြည်သူများ တဖွဲဖွဲ လာရောက်ခဲ့ကြပါတယ်။ တက်ရောက်လာသူ ရဟန်းရှင်လူ ပြည်သူ တစ်သိန်းခန့် တက်ရောက်ခဲ့တာလည်း တွေ့ရပါတယ်။
အမျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲရဲ့ စီတန်းလှည့်လည်တဲ့ အစီအစဉ်အရ ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတော်များ၊ သီလရှင်ဆရာကြီး ဆရာလေးများ၊ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် 'အမျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ' ဆိုင်ဘုတ်များ ကိုင်ဆောင်ပြီး စနစ်တကျ စီတန်းလှည့်လည်ခဲ့ပါတယ်။
အခုလို အမျိုးစောင့်ဥပဒေအောင်ပွဲမှာ မိုးညှင်းမြို့နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာများအလိုက် အိုးစည်၊ ဒိုးပတ်၊ ရိုးရာအသီးအမှုတ်တွေနဲ့ စည်စည်ကားကား လှည့်လည်ခဲ့ကြတာ အလွန်ပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။
မိုးညှင်းမြို့၊ ထီးလင်းကျောင်းတိုက်တာအတွင်း အမျိုးစောင့်ဥပဒေ အောင်ပွဲအခမ်းအနားကြီးကို ခြိမ့်ခြိမ့်သည်း ကျင်းပခဲ့ရာ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။
မိုးညှင်းမြို့နယ်လုံးဆိုင်ရာ မဘသ ဥက္ကဋ္ဌဆရာတော်ကြီး ဘဒ္ဒန္တအင်္ကုရက အမျိုးသားရေးသြဝါဒကထာကို မိန့်ကြားတော်မူပါတယ်။
အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာတွေနဲ့ အမျိုးသားရေး အသိပညာများကို ပညာရောင်ခြည်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒက ဟောကြားတော်မူပါတယ်။
မိုးညှင်းမြို့နယ်အတွင်းက မြို့နယ်၊ ကျေးရွာအလိုက် ဒိုးပတ်၊ အိုးစည်၊ ရိုးရာအတီးအမှုတ်နဲ့ အမျိုးစောင့်ဥပဒေကြီး အတည်ပြုပြဋ္ဌာန်းနိုင်ရေး ကြိုးစားဆောင်ရွက်ကြသူများနဲ့ နိုင်ငံတော်သမ္မတစတဲ့ လွှတ်တော်အမတ်များကို ဂုဏ်ပြု သီဆိုခဲ့ကြပါတယ်။


ကျွန်းပြန်ဘသောင်း

















No comments:

Post a Comment