၆.၁၀.၂၀၁၅
မနက် အရုဏ်ဆွမ်း သဟာယကျောင်းမှာ ကပ်လှူပါတယ်။
မနက် ၉း၀၀
နာရီ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ တရားနာ ရေစက်ချ အမျှဝေပါတယ်။
မနက် ၁၀း၃၀
နာရီမှာ ဆွမ်းကပ်လှူပါတယ်။
မစိုးရိမ်တိုက်သစ်
နာယကဆရာတော်များ၊ သဟာယကျောင်းသံဃာများအတွက် စုစုပေါင်း မာတင်သင်္ကန်း ဒွိစုံ (၂၄၀) လှူဒါန်းပွဲပါ။
ဓမ္မသမိဒ္ဓကျောင်း
မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ရေစက်ချတရား ချီးမြှင့်ပါတယ်။
အလှူရှင်တွေက
မြဝတီမြို့၊ ဇေယျသိင်္ဂီသီလရှင်စာသင်တိုက် ဆရာကြီး ဒေါ်ကေဝလ၊ ဒေါ်ဣန္ဒစာရီ ညီအစ်မနှစ်ပါး
ဦးစီးတဲ့ မောင်နှမတစ်စု ဖြစ်ပါတယ်။
အကြီးဆုံးအစ်ကိုကြီးက
၈၇ နှစ်၊ အငယ်ဆုံးညီမလေးက ၇၀ နှစ်၊ ဆရာကြီးနှစ်ပါးက ၈၂ နှစ့် ၈၀ တို့ ဖြစ်ပါတယ်။
စစ်ကိုင်းမှာ
ဇေယျသိင်္ဂီကျောင်းမှ ဆရာလေးတွေ လုပ်အားလာပေးကြပါတယ်။
No comments:
Post a Comment