Wednesday, September 2, 2015

“အမျိုးစောင့်ဥပဒေ အောင်ပွဲ နိုင်ငံအဝှမ်းမှာ ခြိမ့်ခြိမ့်သဲ ဆင်နွှဲမည်”

31.8.2015 မွန်းလွဲ 1:00 နာရီ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်မှာကျင်းပတဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မ.ဘ.သ(ဗဟို) လပတ်အစည်းအဝေးနှင့် အထူးအစည်းအဝေးမှာ အစီအစဉ် နှစ်ခု ချမှတ်ခဲ့ပါတယ်။
ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးကော်မတီ နှင့် ဗဟိုကော်မတီဖွဲ့စည်းခြင်း
အမျိုးစောင့်ဥပဒေအောင်ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပရန် ဆုံးဖြတ်ခြင်းတို့ ဖြစ်ပါတယ်။
အမျိုးစောင့်ဥပဒေအောင်ပွဲကို တော်သလင်လဆန်း(၁)ရက်နေ့မှ တော်သလင်းလဆန်း(၁၅)ရက် လပြည့်နေ့အထိ (၁၅)ရက်တိုင်တိုင် တိုင်းနှင့်ပြည်နယ်အသီးသီးမှာ အဆင့်ဆင့် ကျင်းပသွားမှာဖြစ်ပါတယ်။
နောက်ဆုံး ပွဲသိမ်း အောင်ပွဲ အခမ်းအနားကြီးကို တော်သလင်းလပြည့်နေ့ ရန်ကုန်မြို့မှာ တစ်နိုင်ငံလုံးမှ မ.ဘ.သအဖွဲ့ ရဟန်းရှင်လူပြည်သူများနှင့် အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော ရဟန်းရှင်လူ ပြည်သူများ ပရိသတ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။
“အမျိုးစောင့်ဥပဒေအောင်ပွဲ ကျင်းပရန်အစီအစဉ်”
၁။ ၁၃၇၇-ခု၊ တော်သလင်းလဆန်း (၁)(14.9.2015)ရက်နေ့ မဘသ ဗဟိုနှင့်မဘသ ရန်ကုန်တိုင်း
၂။ ၁၃၇၇-ခု၊ တော်သလင်းလဆန်း (၂)(15.9.2015)ရက်နေ့ တွင် မွန်ပြည်နယ်မဘသ
၃။ ၁၃၇၇-ခု၊ တော်သလင်းလဆန်း (၃)(16.9.2015) ရက်နေ့ တွင် ကရင်ပြည်နယ်မဘသ
၎။ ၁၃၇၇-ခု၊ တော်သလင်းလဆန်း (၄)(17.9.2015)ရက်နေ့ တွင် ပဲခူးတိုင်း မဘသ
၅။ ၁၃၇၇-ခု၊ တော်သလင်းလဆန်း (၅)(18.9.2015)ရက်နေ့ တွင် စစ်ကိုင်းတိုင်းမဘသ
၆။ ၁၃၇၇-ခု၊ တော်သလင်းလဆန်း (၆)(19.9.2015)ရက်နေ့ တွင် ရခိုင်ပြည်နယ် မဘသ
၇။ ၁၃၇၇-ခု၊ တော်သလင်းလဆန်း (၇)(20.9.2015)ရက်နေ့ ဧရာဝတီတိုင်း မဘသ
၈။ ၁၃၇၇-ခု၊ တော်သလင်းလဆန်း (၈)(21.9.2015)ရက်နေ့ တွင် မန္တလေးတိုင်း မဘသ
၉။ ၁၃၇၇-ခု၊ တော်သလင်းလဆန်း (၉)(22.9.2015)ရက်နေ့ တွင် မကွေးတိုင်းနှင့်ရှမ်း/တောင် မဘသ
၁ဝ။ ၁၃၇၇-ခု၊ တော်သလင်းလဆန်း (၁ဝ)(23.9.2015)ရက်နေ့ တွင် ကယားပြည်နယ် မဘသ
၁၁။ ၁၃၇၇-ခု၊ တော်သလင်းလဆန်း (၁၁)(24.9.2015)ရက်နေ့ တွင် နေပြည်တော်တိုင်း မဘသ
၁၂။ ၁၃၇၇-ခု၊ တော်သလင်းလဆန်း (၁၂)(25.9.2015)ရက်နေ့ တွင် ရှမ်း/မြောက် မဘသ
၁၃။ ၁၃၇၇-ခု၊ တော်သလင်းလဆန်း (၁၃)(26.9.2015)ရက်နေ့ ကချင်ပြည်နယ် မဘသ
၁၄။ ၁၃၇၇-ခု၊ တော်သလင်းလဆန်း (၁၄)(27.9.2015)ရက်နေ့ တွင် တနင်္သာရီတိုင်း မဘသ
၁၅။ ၁၃၇၇-ခု၊ တော်သလင်းလပြည့်(28.9.2015)နေ့တွင် သီးသန့်ဂုဏ်ပြုအောင်ပွဲ ရန်ကုန်(ညီလာခံ)။
ဤသို့စသည်ဖြင့် အသီးအသီး ကျင်းပ၍အောင်ပွဲခံကြမည်ဖြစ်ပါသည်။
အထက်ပါပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မိုးထိမိုးမိရွှေတောင်ကြီး ဗုဒ္ဓဘာသာ ဖွံ့ဖြိုးရေးအဖွဲ့က (ရွှေတစ်ပိဿာတန်းဖိုးရှိ) ကျပ်ငွေ သိန်းခုနစ်ရာကျပ်ကို လှူဒါန်း ပါသည်။ ထိုငွေများကို ခွဲခြမ်း၍ အမျိုးစောင့်ဥပဒေ ထောက်ခံပွဲများ ကျင်းပသွားဖြစ်ပါသည်။
(သက်ဆိုင်ရာ မြို့နယ်မှ အမျိုးဘာသာ သာသနာချစ်မြတ်နိုးသူများ ပူပေါင်းပါဝင်ချီတက်၍ အောင်ပွဲခံနိုင်ကြစေရန် အသိပေး လိုက်ပါသည်)
ဒေါက်တာအရှင်သောပါက
မဘသ (ဗဟို)ဦးဆောင်
၃၁.၈.၂ဝ၁၅
(တိုင်းနှင့်ပြည်နယ်အသီးသီး ကျင်းပမည့်အစီအစဉ်များကို ထပ်မံကြေညာပါမည်။
တော်သလင်းလပြည့် စုံညီအောင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲကျင်းပနိုင်ဖို့အတွက် တစ်မျိုးသားလုံး တစ်နိုင်ငံလုံး ဝိုင်းဝန်း ဆောင်ရွက်နိုင်ပါသည်။)

No comments:

Post a Comment