Wednesday, September 2, 2015

“ဘုံဆွမ်းလောင်းအသင်း တရားပွဲ”

30.8.2015 ည 8:00 နာရီ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာမြို့သစ်၊ မမ-ရပ်ကွက်လုံးဆိုင်ရာ မဟာအောင်မြေဓမ္မာရုံ ဗုဒ္ဓဝေယျာဝစ္စသဟပုညကာရီ လူငယ်ဘုံဆွမ်းလောင်းအသင်း(၃)နှစ်ပြည့် အထိမ်း အမှတ် အထူးတရားပွဲဓမ္မသဘင်။
မိုးဖွဲဖွဲလေးကလည်း ကျနေတာ ပရိသတ်ကလည်း များပြားဆဲ။
ဓမ္မစကူးလ် ယဉ်ကျေးမှု ကျောင်းသူကျောင်းသားလေးများ လက်အုပ်ချီ ကြိုဆိုကြ။
တရားပွဲမှာ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးထွန်းဝင်းတို့မိသားစု ကိုယ်တိုင်တရားလာနာတာလည်း တွေ့ရပါတယ်။
ဥပေါသထသုတ္တန်ဟောကြားခဲ့ပါတယ်။
ဘုရားအလိုကျ ဥပုသ်စောင့်တတ်အောင်
ဥပုသ်သီလအကျိုး ခံစားတတ်အောင်
ကိုယ်ကျင့်သီလတန်ဖိုး သိတတ်အောင် ရည်ရွယ်တာပါ။
ဘဝတက္ကသိုလ်ထဲက အတွေ့အကြုံလေးတွေနဲ့ ဟောလိုက်တာ တဝါးဝါး ပွဲကြတာလည်း တွေ့ရပါတယ်။
ဝါတွင်းကာလလည်းဖြစ် ဥပုသ်နေ့လည်းဖြစ်တော့ ဘုရားအလိုကျ ဥပုသ်စောင့်နည်း ခေါင်းစဉ်နှင့် ဟောကြားခဲ့ပါတယ်။
“ဘုရားအလိုကျ ဥပုသ်စောင့်နည်း”
၁။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
သူ့အသက်ကိုသတ်ခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၂။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
သူ့ဥစ္စာကိုခိုးခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၃။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
မမြတ်သောအကျင့်ကို ကျင့်ခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၎။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
လိမ်ညာစကားပြောခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၅။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
မူးယဇ်သေစာ အားလုံးမှ လုံးဝရှောင်ကြဉ်ရ။
၆။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
နေလွဲညစာ စားခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၇။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
ကခုန်တီးမှုတ် ပျော်ခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၈။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
မြင့်/မြတ်နေရာ နေခြင်းမှ လုံးဝရှောင်ကြဉ်ရ။


No comments:

Post a Comment