ဒီကနေ့
2.9.2015 ရက်နေ့ ညနေ 6:00 နာရီအချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ကင်းဝန်မင်းကြီးကျောင်းတိုက်
သာသနပါလကျောင်းမှာ ကျင်းပကြပါတယ်။
ရွှေဘိုတိုက်ဆရာတော်ကြီး၊
မန်း မ.ဘ.သ အတွင်းရေးမှူးချုပ်ဆရာတော်၊ ဒုတိယအတွင်းရေးမှူးချုပ် ဆရာတော် အမှူးပြုသော
မန္တလေး၊ အမရပုရ၊ အောင်သာယာ၊ ကျောက်ဆည် စသည်တို့မှ ဆရာတော် သံဃာတော်များ အမျိုးသား အမျိုးသမီးများ
တက်ရောက်ကြပါတယ်။
အမျိုးစောင့်ဥပဒေအောင်ပွဲကို
မန္တလေးတိုင်း တစ်တိုင်းလုံးအနေဖြင့် ခြိမ့်ခြိမ့်သဲ အောင်ပွဲခံနိုင်ရန် စည်းဝေးဆုံးဖြတ်ခဲ့ကြပါတယ်။
မဘသ(ဗဟို)မှာ
ကြေညာထားတဲ့အတိုင်း တော်သလင်းလဆန်း(၈)ရက် 21.9.2015 ရက်နေ့မှာ ကျင်းပရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။
ဘယ်လိုကျင်းပမယ်၊
ဘယ်ပုံစံနဲ့ကျင်းပမယ်၊ ဘာတွေပါဝင်မယ်၊ ဘယ်လိုဆောင်ရွက်မယ်ဆိုတာတွေကို မန္တလေးတိုင်းအတွင်းရှိ
မြို့နယ်ပေါင်း (၂၉)မြို့နယ်မှ ဆရာတော်သံဃာတော်များကို ပင့်ဖိတ်ပြီး အစည်းအဝေး သီးသန့်ပြုလုပ်မှာဖြစ်ပါတယ်။
နေရာ၊
အချိန်နှင့် အစီအစဉ်ကို ၄င်းအစည်းအဝေးအပြီးမှာ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။
မန္တလေးတိုင်းအတွင်းမှ
မ.ဘ.သ ဆရာတော်များ အားလုံးကို ထပ်မံဖိတ်ကြားဦးမည်ဖြစ်ပါတယ်။
No comments:
Post a Comment