Thursday, September 3, 2015

“သီလပွဲတရားလေးပါ”

31.8.2015(ဝါခေါင်လပြည့်)မနက် 9:00 မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ဖဖ ၃/၄/၅ ရပ်ကွက် သာသနာ့လင်းရောင်ခြည် ဓမ္မာရုံသီလပွဲလေးပါ။
သီလပွဲကုသိုလ်ရှင်က ရှေ့နေဦးမောင်မောင်ညို+ဒေါ်သန်းသန်းမြင့် မိသားစု ဖဖ(၃)ရပ်ကွက်ဖြစ်ပါတယ်။
မန်း မ.ဘ.သ ထဲ့ အဟောကောင်း အပြောကောင်း မျိုးချစ်ရှေ့နေကြီးပေါ့။
မျိုးချစ်ရှေ့နေကြီးက ဓမ္မာရုံထဲ ဗုဒ္ဓရုပ်ပွားတော်လည်း ကုသိုလ်ပြု ပူဇော်ထားပါတယ်။
နိဗ္ဗာန်ရွှေပြည် အသင်းအတွက်လည်း ကားလေးတစ်စင်း လှူထားပါတယ်။
ကုသိုလ်ကောင်းမှု အစုစုကို စုပေါင်းရေစက်ချပေးခဲ့ပါတယ်။
ဥပေါသထသုတ္တ(ဗုဒ္ဓနည်းကျ ဥပုသ်စောင့်နည်း)တရားဟောခဲ့ပါတယ်။
နိဗ္ဗာန်ရောက်ကြောင်း တရား မဟောလို့ အပြင်းအထန်ဝေဖန်တိုက်ခိုက်နေသူကြီးတွေ တရားကဗျာလေးတွေ တော့ ဆုံးအောင်ဖတ်ပါ့မလား တိဘူးနော်......။
“ဘုရားအလိုကျ ဥပုသ်စောင့်နည်း”
၁။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
သူ့အသက်ကိုသတ်ခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၂။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
သူ့ဥစ္စာကိုခိုးခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၃။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
မမြတ်သောအကျင့်ကို ကျင့်ခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၎။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
လိမ်ညာစကားပြောခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၅။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
မူးယဇ်သေစာ အားလုံးမှ လုံးဝရှောင်ကြဉ်ရ။
၆။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
နေလွဲညစာ စားခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၇။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
ကခုန်တီးမှုတ် ပျော်ခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၈။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ၊
မြင့်/မြတ်နေရာ နေခြင်းမှ လုံးဝရှောင်ကြဉ်ရ။




No comments:

Post a Comment