NLD
ပါတီအား ဆန္ဒပြမှုတွင် ပါဝင်ပတ်သက်မှု လုံးဝမရှိသော်လည်း အဆိုပါ ဆန္ဒပြပွဲအား ထောက်ခံကြောင်း
မဘသ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သော ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။
မန္တလေး၊
စက်တင်ဘာ ၂၊ ကျော်ဝေမင်း
သြဂုတ်လ(၃၁)ရက်နေ့တွင်
နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမျိုးသားဒီမိုကရေစီပါတီရုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်
လူထုတွေ့ဆုံစကားပြောနေစည်းရုံးဘေးရှိ မြင့်မိုရ်တာယာရောင်းဝယ်ရေးဆိုင် အတွင်း လူ(၁၅)ဦးခန့်အား
ဦးစု(ဦးဆန်းလွင်)ဦးဆောင်ကာ(ရိုဟင်ဂျာထောက်ခံသည့် NLD ပါတီအလိုမရှိ)ဟု ဆိုကာ ဆန္ဒပြခဲ့ကြသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍
ဆန္ဒပြမှုတွင် ပါဝင်ပတ်သက်မှုလုံးဝမရှိသော်လည်း ကိုယ့်ယုံကြည်ချက်အရ လုပ်ဆောင်သောကြောင့်
ထောက်ခံကြောင်း ဆရာတော်ဦးဝီရသူက မိန့်ကြားခဲ့ခြင်းဖြစ်သည်။
“အမျိုး
ဘာသာ သာသနာကိုမစော်ကားတဲ့ ဘယ်ကိစ္စမဆို ဦးဇင်းတို့အနေနဲ့ကတော့ ကိုယ့်ယုံကြည်ချက်အရ
လုပ်ဆောင်တာပဲ ဘာလို့ မထောက်ခံရမှာလဲ။ (၄၃၆)ပြင်ဆင်ရေးတွေတုန်းကတောင် ဦးဇင်းတို့ဘာပြေခဲ့လို့
လဲ။ ကန့်ကွက်ခဲ့တာလည်းမရှိပါဘူး” ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။
အဆိုပါဆန္ဒပြမှုမှာ
ဆယ်မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး ဆန္ဒပြပွဲကို ဇမ္ဗူသီရိ ရဲစခန်း၏ ခွင့်ပြုချက်တောင်းခံကာ
ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ယင်းဆန္ဒပြပွဲသို့
အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ဝင်များလည်း လာရောက်ကြည့်ရှုကာ အမေစုကျန်းမာပါစေ ဟူ၍ တုံ့ပြန်ဟစ်ကြွေးမှုများလည်း
ပြုလုပ်ခဲ့ကြသည်။
“လူတွေက
မဘသကို လက်ကိုင်တုတ်၊ ခရိုနီ၊ စပွန်ဆာနဲ့ လုပ်နေတာလို့ဆိုပြီး စွပ်စွဲ သံသယရှိနေခဲ့ကြတယ်
မဟုတ်လား။ ဦးဇင်းတို့အနေနဲ့ကလည်း NLD ကို ရိုဟင်ဂျာနဲ့ပတ်သက်နေလား၊ ပြည်တွင်း၊ ပြည်ပ
မူဆလင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုများရှိနေလားဆိုပြီး သံသယရှိနေခဲ့တယ်။ အဲဒီအတွက်လည်း
စောင့်ကြည့်နေပါတယ်။ အခု ဒကာကြီးဦးစုကတော့ သူ့ဘက်က ဒီသံသယကို ပေါ်ပေါ်လွင်လွင် ဖော်ထုတ်ပြသ
လိုက်တယ်လို့ မြင်တယ်” ဟု ဦးဝီရသူက မိန့်ကြားသည်။
ဆရာတော်ဦးဝီရသူ
ဦးဆောင်သော မဘသ(အထက်မြန်မာပြည်) အဖွဲ့အနေဖြင့်လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်
လွှတ်တော်ကိုယ်စားလှယ်လောင်းများအကြောင်းအား ပြည်သူများသိရှိစေရန် အတွက် တစ်အိမ်တက်ဆင်း
Door To Door စနစ်ဖြင့် လိုက်လံရှင်းပြသွားမည်ဟု ပြောကြားထားသည်။
၂၀၁၅
ရွေးကောက်ပွဲကြီးအား နိုဝင်ဘာလ(၈)ရက်နေ့တွင် တစ်နိုင်ငံလုံး၌ ကျင်းပသွားမည်ဖြစ်ပြီး
စက်တင်ဘာလ(၈)ရက်နေ့မှ စတင်ကာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရက်ပေါင်း(၆၀)မဲ
ဆွယ်စည်းရုံးခွင့် ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
No comments:
Post a Comment