Thursday, September 3, 2015

“အစၥလာမ္ဘာသာက ငါတို့ကို ဖျက်ဆီးပစ်လိမ့်မယ်ဆိုပဲ”

ဒုက္ခသည်ကပေးမည့်ဒုက္ခကို ကြိုမြင်သူလည်းရှိ မမြင်သူလည်းရှိ။
မွတ်စလင်တွေ အင်အားများလာရင် ဂျီဟဒ်ကြီးလုပ်ကြမှာကို ကြိုမြင်သူလည်းရှိ-မမြင်သူလည်းရှိ။
ကြိုမြင်သူတွေက ဘယ်သူ့အတွက် စိုးရိမ်တာလဲ
ကိုယ်ကျိုးစီးပွားအတွက်လား?
ဘယ်လို အန္တရာယ်ကြီးလို့ ကန့်ကွက်တာလဲ? ဘယ်သူ့အတွက်လဲ?
မေတ္တာမဲ့လို့ပဲလား?
စဉ်းစားရမယ်နော.....။
ဝီရသူ(မစိုးရိမ်)
3.9.2015
PM 1:00
==========================================================
“ဒုက္ခသည်စခန်း ဖွင့်လှစ်ခြင်း ဖင်လန်နိုင်ငံသားများ ကန့်ကွက်ဆန္ဒပြ”

ဆာလို-စီးပွားရေးကျဆင်းမှုနှင့်ရင်ဆိုင်နေရသည့် ဖင်လန်နိုင်ငံသည် ခိုလှုံခွင့်တောင်းခံသူများဆိုက်ရောက်လာမှု ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခက်ခဲခဲကြိုးစားနေရစဉ် ဆာလိုမြို့တွင် ဒုက္ခသည်လက်ခံဌာနတစ်ခု ဖွင့်လှစ်လာ၍ ဖင်လန်နိုင်ငံသား ၂၀၀ ခန့်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ဆာလိုမြို့ ဈေးတန်းရင်ပြင်တွင် ဆန္ဒပြသူများက “နယ်စပ်ကို ပိတ်ထား” ဟု ရေးသားထားသော စာတန်းများ ကိုင်ဆောင်ပြီး “အစ္စလာမ်ဘာသာက ငါတို့ကို ဖျက်ဆီးပစ်လိမ့်မယ်” ဟု ကြွေးကြော်သံများကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။
ထက်ဝက်ခန့် နေရာလွတ်ဖြစ်နေသော ဆေးရုံတစ်ရုံတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် ဒုက္ခသည်လက်ခံဌာန ကြောင့် လက်ခံဌာနကြောင့် လုံခြုံရေးအန္တရာယ်ဖြစ်ပေါ်လာမည်ဖြစ်ပြီး အထူးသဖြင့် ကလေးငယ်များနှင့် အမျိုးသမီးများ အန္တရာယ်ရှိနိုင်သည်ဟု ဆန္ဒပြသူများက ပြောသည်။
ဥရောပမြောက်ပိုင်း နော့ဒစ်ဒေသတစ်ဝန်းတွင် ရွှေ့ပြောင်းနေထိုင်သူများ ပြဿနာမှာ လူအများ အာရုံစိုက် လာသော နိုင်ငံရေးကိစ္စဖြစ်လာပြီး မဲပေးသူများစွာကို လက်ယာစွန်း၊ လူကြိုက်များသည့် ပါတီများဆီ ရောက်သွားစေကာ ရွှေ့ပြောင်းနေထိုင်သူများကြောင့် ပြည်တွင်းနေ လူထုအလုပ်အကိုင် ဆုံးရှုံးမည်ဆိုသော စိုးရိမ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ထို့ပြင် ၄င်းတို့ မွေးဖွားချိန်မှ သေဆုံးသည်အထိ ရရှိမည့် လူမှုဖူလုံရေးအကျိုးကျေးဇူးများ ဆုံးရှုံးမည်ကိုလည်း ပြည်သူလူထုက စိုးရိမ်လာကြသည်။
ဆာလိုမြို့တွင် ဆန္ဒပြခြင်းသည် ဖင်လန်နိုင်ငံတစ်ဝန်း ဒုက္ခသည်လက်ခံရေး ဌာနသစ်များဖွင့်လှစ်မှုကို ကန့်ကွက်ဆန္ဒပြသော ဆန္ဒပြပွဲများစွာအနက် တစ်ခုသာဖြစ်သည်။
_Ref:Reuters







No comments:

Post a Comment