မန်း
မ.ဘ.သ အဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် အချိန်ပြည့် ထောက်ပံ့နေပါတယ်။
ဒီကနေ့
မြောက်ဦးမြို့ ကယ်ဆယ်ရေးစခန်းများအတွက် ငွေဆယ်သိန်းကျပ် ပေးပို့ခဲ့ပေမယ့် ရာသီဥတုကြောင့်
ဘဏ်မဖွင့်လို့ အခက်အခဲ တွေ့နေပါတယ်။
ကားလမ်းလည်းမပွင့်
ဘဏ်တွေလည်းမဖွင့် လေဆိပ်လည်းမရှိ ရဟတ်ယာဉ်လည်းမရောက်တဲ့ ရခိုင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက်
ရိက္ခာတွေရောက်အောင် ရဟတ်ယာဉ်ဌာနကို အကူအညီတောင်းထားပါ တယ်။
ဒီကနေ့
ခေါက်ဆွဲထုပ် ပီနံအိတ်ပေါင်း ၂၂ အိတ်(ခေါက်ဆွဲဖာ ၂၀၀) ကားနှင့် တင်ပို့လိုက်ပါပြီ။
ရန်ကုန်မှတစ်ဆင့် စစ်တွေသွားမည့် လေယာဉ်နှင့် ရခိုင်ပြည်သူများထံ ရဟတ်ယာဉ်များနှင့်
အရောက်ပို့ပေးမှာပါ။
လက်ရှိ
မန်း မ.ဘ.သ အဖွဲ့သို့ လာရောက်လှူဒါန်းငွေများ သိန်း(၄၀၀)နီးပါးရှိနေပါပြီ။
အဝတ်အထည်နှင့်
ရိက္ခာများ ပီနံအိတ် (၁၀၀၀) နီးပါးရှိနေပါပြီ။
ပြည်သူများလက်ထဲသို့
ရာခိုင်နှုံးပြည့် ရောက်အောင် အာမခံပါတယ်။
No comments:
Post a Comment