ဦးကိုကိုကြီးရဲ့
အမျိုးသားရေးခံယူချက်နဲ့ နိုင်ငံရေးယုံကြည်ချက်တွေကို လေးစားလွန်းလို့ လွှတ်တော်နိုင်ငံရေး
လုပ်စေချင်ခဲ့တယ်။
NLD
မှ ဝင်ပြိုင်မယ်ကြားလို့ ဝမ်းသာအားရ ကြိုဆိုခဲ့တယ်။ အခုတော့ NLD က လက်မခံဘူး၊ ဘယ်ပါတီကမှလည်း
မပြိုင်တော့ဘူး။ တစ်သီးပုဂ္ဂလတောင် အရွေးမခံတော့ဘူးလို့ ကြားရတယ်။
နှမြောမိတယ်ဗျာ။
နိုင်ငံအတွက်
အင်အားတစ်ခု ဆုံးရှုံးသွားသလို ခံစားရပါတယ်။
ဝန်းရံလို့
ဝန်းရံမှန်းလည်းမသိ။ အားဖြည့်လို့ အားဖြည့်မှန်းလည်း မသိတဲ့ ဒီပါတီနဲ့တော့ မြန်မာပြည်ရဲ့
အနာဂတ် ပလာစတာကပ်ရမလိုတောင် ဖြစ်နေပါပကော။
ဝီရသူ(မစိုးရိမ်)
3.8.2015
==========================================================
“ဦးကိုကိုကြီးနှင့်
၈၈ မျိုးဆက်အချို့ ကိုယ်စားလှယ်လောင်းစာရင်းတွင် မပါဝင်ဟု NLD အတည်ပြု”
ရန်ကုန်၊
သြဂုတ် ၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ရာ ဦးကိုကိုကြီး
အပါအဝင် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်အများစု
ပါဝင်ခြင်းမရှိကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။
သြဂုတ်
၁ ရက်နေ့က NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းစာရင်းများကို ထုတ်ပြန်ကြေညာခဲ့ရာ
ဦးကိုကိုကြီးအပါအဝင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်
အများစု ပါဝင်လာခြင်းမရှိဘဲ ဦးပြုံးချိုနှင့် ဦးဉာဏ်လင်းတို့နှစ်ဦးသာ ကိုယ်စားလှယ်လောင်းအဖြစ်
ရွေးချယ်ခံခဲ့ရ ခြင်းဖြစ်သည်။
“ကျွန်တော်တို့
ကိုယ်စားလှယ်လောင်းစာရင်းတွေကို ဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်ပြီးရွေးချယ် လိုက်တာပါ”
ဟု ကိုယ်စားလှယ်လောင်းရွေးချယ်မှုနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်
အမှုဆောင်ကော်မတီဝင်ဦးဝင်းမြင့်ကဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
ဝင်ရောက်ယှဉ်ပြိုင်ရန် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ ခေါင်းဆောင် ၂၀ ကျော် စာရင်းပေးသွင်းထားကြောင်း
ကိုယ်စားလှယ်လောင်းစာရင်းများ လက်ခံစဉ်ကာလတွင် NLD ပါတီတာဝန်ရှိသူများက ပြောကြားထားခြင်းဖြစ်သည်။
ကိုယ်စားလှယ်လောင်းအြဖစ်
ရွေးချယ်ခြင်းမခံရသည့် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ ဒေါ်မာမာဦးက “လူကြီးတွေ သင့်တော်တယ်ထင်လို့
လုပ်တာ ဘာမှပြောစရာမရှိပါဘူး။ ကျွန်မတို့အနေနဲ့ကတော့ တိုင်းပြည်အတွက်ဆို ဘယ်ရှုထောင့်ကပဲဖြစ်ဖြစ်
လုပ်ဆောင်သွားမှာပါ” ဟု မှတ်ချက်ပေးပြောဆိုသည်။
“အဲ့ဒီနေရာတွေမှာ
အခုအရွေးမခံရတဲ့သူတွေ ပြန်ပါမလား၊ မပါဘူးလားဆိုတာတော့ ကျွန်တော် မပြောနိုင်ဘူး။ အားလုံးက
ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးနဲ့ပဲ ဆုံးဖြတ်တာမို့ ကျွန်တော်တစ်ဦးတည်း သဘောကို ပြောလို့မရဘူး”
ဟု ဦးဝင်းမြင့်က ထပ်လောင်းပြောဆိုသည်။
၂၀၁၅
အထွေထွေ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ပြည်သူ့လွှတ်တော်
၃၁၉ နေရာ၊ အမျိုးသား လွှတ်တော် ၁၆၅ နေရာ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ၆၂၀ နေရာနှင့်
ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ် ၂၉ နေရာ
ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
စိုးမင်းအောင်

No comments:
Post a Comment