မကွေးတိုင်းဒေသကြီး၊
ဂန့်ဂေါမြို့၊ မြစ်သာရေလှောင်တမံကြောင့် ပြင်သာကျေးရွာကြီး တစ်ရွာလုံး ရေတိုက်စားလို့
ပျက်စီးသွားပါပြီ။
အဆောက်အအုံများ
ပြိုကျသူကပြိုကျ၊ ဖြိုချသူကဖြိုချနှင့် ရွာလုံးကျွတ် ထွက်ပြေးသွားရတာပါ။
ဒီရေလှောင်တမံကြီး
တည်ဆောက်မယ်လုပ်တော့ ရွာပေါင်းလေးရွာမှ ဆရာတော်သံဃာတော်များဦးဆောင်ပြီး ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါသေးတယ်။
ဒီလိုအခြေအနေမျိုး
ဖြစ်ပေါ်လာနိုင်တာမို့ တားမြစ်ခဲ့ကြတာပါ။
အဲဒီတုန်းက
ဗိုလ်ချုပ်ကြီးတွေက ရေလွှမ်းရင် (၁၀)ဆ လျော်မယ် အာမခံခဲ့ကြပါတယ်။
အခုတော့
အာမခံဗိုလ်ချုပ်ကြီးတွေ ဘယ်ရောက်နေပြီ မသိတော့ပါဘူး။
ပြင်သာရွာလိုအပ်ချက်ကို
မန်း မ.ဘ.သ က ထောက်ပံ့ဖို့ စီစဉ်နေပါတယ်။
==========================================================
ပြင်သာရွာ
အိမ်ခြေ-၈၆
အိမ်
လူဦးရေ-၄၄၃
ယောက်
ရေလွှဲမြောင်းက
ထွက်လာသည့် ရေကြောင့် အလယ်တန်း စာသင်ကျောင်းဆောင် ၂ ဆောင်၊ ကျောင်းအုပ်ဆရာမကြီးနေအိမ်၊
ဆွမ်းစားကျောင်းဆောင်၊ လူနေအိမ် ၇ လုံး မြစ်ရေတိုက်စား၍ ရေထဲမျောပါသွားပြီးဖြစ်။
မြစ်ရေနားနီးသူများ
နေအိမ်များမြစ်ရေထဲ မျောပါမသွားခင် နေအိမ်များကို ဖျက်သိမ်းပြီး ရေလွတ်ရာသို့ ပြောင်းရွှေ့နေကြ။
မြစ်ရေနှင့်
ဝေးသူများ အိမ်မဖျက်ကြသေးပဲ အိမ်တွင်းပစ္စည်းများကို အရင်ရွှေ့ပြောင်းထားကြရ။
ဘုန်းတော်ကြီးကျောင်းကိုလည်း
မြစ်ရေထဲ မျောပါမသွားခင် ဖျက်သိမ်းနေကြရပါပြီ။
အခုလောလောဆယ်ရေလွတ်ရာ
ရွာမြောက်ဘက် ဘောလုံးကွင်းနှင့်လယ်ကွင်းတွေမှာ ယာယီစခန်းကို ကိုယ်ထူကိုယ်ထနှင့် တည်ဆောက်ပြီး
နေထိုင်နေကြရ။
“ရွာသူ/ရွာသားတွေရဲ့
လိုအပ်ချက်များ”
ယခုယာယီစခန်းမှာ
ခြင်ထောင်များလိုအပ်။
သောက်သုံးရေလည်း
လိုအပ်။
မိမိတို့ရဲ့
စပါးတွေကို မိုးလုံတဲ့နေရာမှာထားဖို့နှင့် သယ်ယူဖို့ အကူအညီများလိုအပ်။
မိုးလုံတဲ့နေရာမရှိ
မိုးလုံဖို့ မိုးကာများလိုအပ်။
ယခုကားသွားလာလို့
မရသေးပေ။
နွားလှည်းများကို
အားကိုးပြီး သယ်ယူနေရ။
တစ်ဦးကို
အနည်းဆုံး စပါးတင်း ၁၀၀ ကျော်ရှိ။
တစ်ချို့
စပါး တင်း ၃၀၀ ကျော် ၄၀၀ ခန့်ရှိ။ ၄င်းတွေကို မိုးလွတ်ရာသို့ သယ်ယူဖို့ အကူအညီများလိုအပ်။
ကျန်းမာရေးစောင့်ရှောက်မှုများလည်း
လိုအပ်။
မဖျက်သိမ်းသေးသည့်
အိမ်များ ဖျက်သိမ်းဖို့ ဖျက်သိမ်းပြီးသည်များကို ရေလွတ်ရာသို့ သယ်ယူဖို့ အကူအညီများလိုအပ်။
“ယခုခြေအနေ”
ရွာသစ်တည်ဖို့
မြေနေရာရှာနေ။ မိုးရွာမှုရပ်နေ။ မြစ်ရေအနည်းငယ်လျော့ကျ။
ရွာ၏
ကမ်းပါးကို ရေတိုက်စားမှုမရပ်သေး။
မိုးဆက်လက်ရွာပြီး
မြစ်ရေတိုးလာပါက တစ်ရွာလုံး တစ်ခဏချင်း မြစ်ရေထဲ မျောပါသွားနိုင်။
ယခု
ကားများသွားလာလို့ မရသေး။
ရွာထဲရှိပစ္စည်းများ
ရေလွတ်ရာသို့ သယ်ယူနိုင်ဖို့ ဆည်ပေါ်ရှိကားများမှ ကျောက်ချပေးနေ။
ယခုမြစ်ရေကြီးမှု
ကလေးဝ၊ ကလေးမြို့ထိရေဝင်။
ယခုကလေးမြို့
ရေမြုပ်မှုသည် ရာဇဂြိုဟ်ဆည်ကြောင့်ဖြစ်။
ယခု
ယာယီပိတ်ထားသည့် ဆည်ဘောင်ရိုးပေါက်ပျက်သွားခဲ့ပါက ဆည်အောက်ရှိရွာများ ဂန့်ဂေါမြို့၊
ကလေးမြို့အပါအဝင် ရေမြုပ်နိုင်။
ရေလှောင်တမံ
အမည်-မြစ်သာရေလှောင်တမံ(မြန်မာနိုင်ငံမှာ အရှည်ဆုံး ကုန်းကျောတမံ)
စတင်ဆောက်သည့်နှစ်-၂၀၀၁
ခုနှစ်(တည်ဆောက်မှု ယခုထိမပြီးသေး)
ယခုဆည်ကြောင့်
ပနန်း၊ စံပါယ်၊ ယင်းမာ၊ စင်ပုံရွာ ၄-ရွာ ပြောင်းရွှေ့ရပြီး ရွာဟောင်းများ ရေမြုပ်ပြီး။










































No comments:
Post a Comment