9.8.2015
ရက်နေ့ မနက်မှာ မြန်အောင်မြို့မှ သင်္ဘောဖြင့် ထွက်လာခဲ့ပါတယ်။
သင်္ဘောက
ကျောက်စရစ်တွေစုပ်ယူပို့ဆောင်တဲ့ သင်္ဘောကြီးပါ။ ဆန်အိတ် ၁၅၀၊ ရေသန့်တွဲ(၄၃၅)တွဲ၊ တာပေါ်လင်
၅၀၀ ကျော်နှင့် အဝတ်အထည်တွေ ရိက္ခာတွေဟာ သင်္ဘောဝမ်းဗိုက်ထဲမှာ ပျောက်သွားပါတယ်။ သင်္ဘောကြီးက
ကြီးလွန်းလို့ပါ။
သင်္ဘောထွက်တာ
နောက်ကျလို့ သပြေကုန်းရွာကိုနေ့ဆွမ်းစားချိန်အမီ မရောက်တော့ပါဘူး။ သင်္ဘောပေါ်မှာပဲ တာပေါ်လင်ခင်းပြီး
စုပေါင်းစားကြပါတယ်။
သပြေကုန်းရွာရောက်တော့
ဝါဆိုကျောင်းဆရာတော်ကြီးကို ဦးတည်ဂါရဝပြုပြီး ခွဲတမ်းချဖို့ ညှိကြပါတယ်။ ပါလာတာက နည်းနည်း
ဒုက္ခသည်က များများ တိုက်နယ်အားလုံး မတတ်နိုင်လို့ ငှက်ပျောတောအုပ်စုနဲ့ ပဲတစ်ခွဲအုပ်စုအတွက်ပဲ
လှူနိုင်ခဲ့ပါတယ်။
လူသူအရောက်အပေါက်နည်းတာလည်း
မပြောနဲ့ တစ်နေကုန်ခရီးလောက်ကို ဝေးတာပါ။ ကားလမ်းပေါက်ပေ မယ့် မိုးရွာရင် စိတ်မချရလို့
သင်္ဘောနဲ့ သွားကြတာပါ။
မန်း
မ.ဘ.သ အဖွဲ့မှ ဆန်အိတ် ၁၅၀ နှင့် တာပေါ်လင်စ ၅၀၀ ကျော်၊ ကိတ်မုန့် ၂ ဖာ၊
ဝိမုတ္တိတင်ယုနှင့်
လှိုင်လူငယ်ကျော်ကြီးတို့အဖွဲ့က ရေသန့် အတွဲ(၄၃၅) နှင့် အဝတ်အထည်များ စားနပ်ရိက္ခာ များ
လှူဒါန်းကြပါတယ်။



































No comments:
Post a Comment