Monday, August 10, 2015

“သီလအနုမောဒနာတရားပွဲလေးပါ”

ဒုတိယဝါဆိုလပြည့်(၈) 31.7.2015 ရက်နေ့ မနက် 9:00 မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ဒိုင်းမွန်းပလာဇာ (ရတနာပုံဈေး)သစ်သီးတန်း၊ ကုန်စိမ်းတန်း၊ စည်ပင်ရုံးခန်းထဲမှာ ဟောကြားတာပါ။
ဥပုသ်နေ့ဖြစ်ပေမယ့် အသားငါးတန်းနှင့် သစ်သီးတန်းကုန်စိမ်းတန်းက မပိတ်ပါဘူး။ ဈေးရောင်းရင်း ဥပုသ်စောင့်ကြတာပါ။
ဒုက္ခသည်ကို ကယ်ကူတယ်ဆိုတာ ဘုရားလောင်းလမ်းစဉ်ဖြစ်ကြောင်း၊ ဘုရားအလိုတော်ကျ ဘုရား တရားတော်နှင့်အညီဖြစ်ကြောင်းနှင့် အမတ်လောင်းတွေကို ခေါင်းခေါက်ပြီး ရွေးချယ်တတ်ဖို့လိုကြောင်း အချက်နှစ်ချက်တည်းဟောခဲ့တာပါ။
ဈေးအဖွဲ့အနေနဲ့ မလှူဖြစ်ရင် အလှူခံအဖွဲ့လေးဖွဲ့ပြီး အရောက်ပို့မည့်ဌာနတွေကို သွားလှူကြဖို့ တိုက်တွန်းတာ အောင်မြင်ပါတယ်။ ဈေးတာဝန်ခံ စည်ပင်အရာရှိကိုယ်တိုင် အလှူခံပြီး ကားငါးစီးနှင့် သွားလှူကြပါတယ်။
အိုးကောင်းမကောင်း သိချင်ရင် ခေါက်ကြည့်ပြီးမှ အသံနားထောင်ပြီးမှ ဝယ်ကြသလို အမတ်ကောင်း မကောင်းကိုလည်း ခေါင်းခေါက်ပြီး အသံနားထောင်ကြည့်ပြီးမှ စမ်းသပ်ရွေးချယ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
တစ်ခစ်ခစ်နဲ့ သဘောကျနေတာကို တွေ့ရပါတယ်။ အမတ်လောင်းတွေ သံခမောက်ဆောင်းထားကြပါ။ ရတနာပုံဈေးသူ ဈေးသားတွေကတော့ ခေါင်းခေါက်ပြီးမှ စိတ်တိုင်းကျ ရွေးချယ်ကြတော့မှာပါ။










No comments:

Post a Comment