မန္တလေး၊
သြဂုတ် ၂၊ ကျော်ဝေမင်း
ကောလင်း၊
ဝန်းသိုဒေသများအပြင် ကားလမ်းခရီးပိတ်နေသော ဒေသများသို့ လေကြောင်းခရီးစဉ်ဖြင့် ကူညီမှုများ
အမြန်ဆုံးပြုလုပ်ပေးရန် ဆရာတော်က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
“အစိုးရအနေနဲ့
လေယာဉ်တွေနဲ့ ဆန်တို့၊ ကယ်ဆယ်ရေးပစ္စည်းတွေကို ပို့ဆောင်တာမျိုးလုပ်ပြီး ကူညီပေးပါလို့
ဦးဇင်းအနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု မစိုးရိမ်တိုက်သစ် ဦးဆောင်ဆရာတော်က မိန့်ကြားသည်။
မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်
မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ လူသေဆုံးမှုများ၊ ကျွဲ၊
နွား၊ တိရစ္ဆာန်များ၊ နေအိမ်များ၊ တံတားများမှာ ရေနှင့်အတူ မျောပါပျက်စီးမှုများဖြစ်ပေါ်ခဲ့
သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ဇူလိုင်လ(၁၄)ရက်နေ့မှစတင် မိုးရွာသွန်းခဲ့ပြီး
နှစ်ပေါင်း(၇၀)အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။
အမျိုးဘာသာ
သာသနာ စောင့်ရှောက်ရေးအဖွဲ့(မန္တလေး) အနေဖြင့် သဘာဝဘေးသင့်ပြည်သူများအား လှူဒါန်းမှုပြုလုပ်နိုင်ရန်အတွက်
အလှူခံခဲ့ရာ ယနေ့အထိ ငွေကျပ်သိန်း(၃၀၀)၊ အဝတ်အထည်နှင့် ရိက္ခာပေါင်း ပီနံအိတ်ငါးရာကျော်ရရှိခဲ့ပြီဖြစ်ပြီး
လာမည့်တစ်ပတ်အတွင်းတွင် ရေဘေးဒုက္ခခံစားနေရသော ပွင့်ဖြူ၊ ရေနံချောင်းဒေသဘက်သို့ လေယာဉ်ဖြင့်
ပေးပို့လှူဒါန်းသွားရန် စီစဉ်လျက်ရှိသည်။
သြဂုတ်လ(၂)ရက်နေ့မှစ၍
မြန်မာနိုင်ငံအတွင်းရှိ လက်ရှိမိုးကြီးနေသည့်ဒေသများတွင် မိုးအားလျော့နည်း သွားနိုင်ကြောင်း
မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထား သည်။
မိုးဆက်တိုက်ရွာသွန်းမှုများကြောင့်
စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့်
မကွေးတိုင်းတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာခဲ့ပြီး ရေဘေးဒုက္ခခံစားနေရသူ ပြည်သူတစ်သိန်းကျော်ခန့်ရှိနေသည်။

No comments:
Post a Comment