27.7.2015
မနက် 9:00 နာရီ၊ မန္တလေး တစည-တိုင်းရုံးမှာ ကျင်းပတဲ့ ဝါဆိုသင်္ကန်းကပ်လှူပွဲလေးပါ။
တစည၊
ပြည်ခိုင်ဖြိုး၊ NDF၊ ဝံသာနုဒီမိုကရက်တစ်၊ ပြည်သူ့ဒီမိုကရေစီ၊ တိုင်းလိုင်(ရှမ်းနီ)၊
အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)တို့ရဲ့ စုပေါင်းကောင်းမှုဖြစ်ပါတယ်။
သီလယူ၊
သင်္ကန်းကပ်၊ တရားနာ၊ အမျှဝေ၊ နေ့ဆွမ်းကပ်အပြီးမှာ အခမ်းအနားတစ်ခု ထပ်လုပ်ပါတယ်။
ဒီအခမ်းအနားမှာ
မဘသ ဆရာတော်များက သြဝါဒပေးခြင်း၊ အကြံပေးခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
အမျိုးသားရေး
ညီအစ်ကိုများက ပါတီများကို သိလိုရာမေးမြန်းကြပါတယ်။
အမတ်ကြီး
ဒေါ်ခင်ဝိုင်းကြည်(NDF)က ဒိုင်ခံလျှောက်ထားဖြေကြားပြီး၊ ဒီမိုကရက်တစ်(မြန်မာ)မှ ဦးမင်းအောင်၊
တစညမှ ဦးခင်မောင်ဝင်းနှင့် ဦးမြင့်စန်း၊ NDF မှ ဦးကျော်အောင်တို့က အမျိုးသားရေးအင်အားစုတွေကိုရော၊
သတင်းသမားတွေကိုပါ ဒိုင်ခံဖြေကြားပါတယ်။
စာရေးသူကတော့
“စုပေါင်းကာကွယ် စုပေါင်းဆောင်ရွက် ပြည်သူ့အတွက်” ဆောင်ပုဒ်ကို ကိုယ်စီကိုင်စွဲပြီး
ပြည်တွင်းရန် ပြည်ပရန်ကို ကာကွယ်ကြဖို့၊ ကယ်ဆယ်ရေးတွေ ကူညီရေးတွေ လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။











No comments:
Post a Comment