Tuesday, July 28, 2015

“ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာတော့ မလုပ်ကြပါနဲ့ဗျာ”

ကူညီရေးတို့ ကယ်ဆယ်ရေးတို့ဆိုတာ ကုသိုလ်လုပ်ငန်းတွေပါ။
ကုသိုလ်ဆိုတာ ယူတတ်မှ ရနိုင်တဲ့တရားပါ။ မယူတတ်ရင် ကုသိုလ်လုပ်ငန်းဖြစ်နေပေမယ့် အကုသိုလ်တောင် ရနိုင်ပါတယ်။
ဒီလိုတွေ လျှောက်ရေးနေလို့ ဘာအကျိုးရမှာလဲ၊ မဘသကို မကြည်ညိုလို့ ရေးတယ်ပဲထား၊ မဘသ ထိခိုက်မှာလား၊ ပြည်သူထိခိုက်မှာလား၊
လုပ်ငန်းကြီးကြီးလုပ်တဲ့သူတွေ ဒီလောက်လေးတော့ တွေးဖို့ကောင်းပါတယ်။
ကိုယ်ရေးလိုက်လို့ အဟုတ်ထင်ပြီး မသွားကြတော့ရင် ပြည်သူတွေ မနစ်နာဘူးလား?
လှူသူတွေ ကုသိုလ်မဆုံးရှုံးဘူးလား?
ပရဟိတဟာ နိုင်ငံရေးထက် ခက်ခဲတဲ့ အလုပ်ဖြစ်ပေမယ့် ပရဟိတ သမားဆိုတာ ဖြူစင်ဖို့တော့ လိုပါတယ်။ အရောင်အသွေးတွေ ရောလာရင် ပရဟိတအဖွဲ့အစည်းတွေအပေါ် ပြည်သူ့ယုံကြည်မှုတွေ မှေးမှိန်သွားလိမ့် မယ်။
နိုင်ငံရေးသမားတွေ ဘာသာရေးတရားနားမလည်ရင် အဇာတသတ်ငယ်စဉ်ကလို ဘာမဆိုလုပ်ရဲတဲ့သူ ဖြစ်သွား လိမ့်မယ်နော..........။
ဝီရသူ(မစိုးရိမ်)
28.7.2015
PM 1:14
==========================================================
ခုမှကျနော်တို့ တောထဲကပြန်ရောက်ပါတယ်။ အလှူရှင်နာမည်ငွေစာရင်းတွေ သိပ်မကြာခင် စီတန်းပီးတင်ပေးပါ့မယ်။ အင်တာနက်ဖုန်းလိုင်း လုံးဝအဆင်မပြေတဲ့အတွက် အချိန်လုတင်နေရတာဖြစ်ပါ တယ်။ လက်ရှိမှာ ပြသနာအခက်အခဲတစ်ခု ရင်ဆိုင်နေရပါတယ်။
ကျနော်တို့ ခုပြန်လာတဲ့လမ်းကြောင်းမှာ ဝန်းသို(မ.ဘ.သ)မှ သံဃာများ၊ မန်းလေးမြို့ Y.G.W(Yellow Generation Wave)မှ သံဃာတော်များနှင့်အတူ သွားရောက်ကူညီလှူဒါန်းကြတာဖြစ်ပါတယ်။
သို့သော်ငြား ကောလင်းမြို့နယ် မ.ဘ.သ အမည်နှင့် ကျနော်တို့အဖွဲ့ကို ယခု ၄ နာရီအတွင်း ကောလင်းမြို့မှ ထွက်ခွာရန် မည်သည့်လုပ်ငန်းစဉ်မှဆက်မလုပ်ရန် ရာဇသံရောက်ရှိလာပါတယ်။
အခြေအနေအတိအကျကို ကျနော် ဆက်လက်တင်ပြပေးပါ့မယ်။
==========================================================

“ကောလင်းကိစ္စ မ.ဘ.သ က လာလှူတဲ့လူတွေ နှင်ထုတ်နေတယ်ဆိုပီး ရေးနေကြတာတွေ့လို့ ဒီနေ့ဖြစ်စဉ် သိရသလောက်ပါ”
ဒေသခံတစ်ဦးနဲ့ချိတ်ဆက်ပီး လာရောက်ချိတ်ဆက်တဲ့လူမှုရေးအသင်းအဖွဲ့တွေကို ဒေတာ အမှားပေးပီး ဒေသခံလူမှုရေးအဖွဲ့နဲ့ နားလည်မှုလွဲတာပါ။
ဒေသခံတွေက ကူညီပေးကြပါတယ်။ အဲ့ဒါကို ရွာတွေ အဆင်မပြေဘူး၊ ကယ်ဆယ်ရေးတွေ ဘာမှ မရသေးဘူးဆိုပီး မန်းလေးအဖွဲ့နဲ့ ပါတဲ့ တစ်ယောက်က ဓာတ်ပုံရိုက်ဖွတာတွေ တွေ့ရလို့ ဦးဆောင်ဆရာတော် က ဒေါကန်ပီးပြောလိုက်တာပါ။
တရက် လူ ၇၀၀၀ လက်တွေ့ချက်ပြုတ်ကျွေးမွေးစောင့်ရှောက်နေရပီး ခဏလာတဲ့လူက ဖွသွားလို့ပါ။
Credit to YWO(ကောလင်းမြို့ခံကို အခုပဲ ဖုန်းဆက်မေးထားတာပါ။)
ဘယ်သူဖွတယ်ဆိုတာတော့ ဖြစ်စဉ်တွေကို စောင့်ကြည့်ရင် သိကြပါလိမ့်မယ်။ နှင်ထုတ်နေတယ်ဆိုတာ ဘာကြောင့် နှင်ထုတ်ခံရလဲဆိုတာကို စုံစမ်းကြည့်ကြစေလိုပါတယ်။
ဖြစ်စဉ် စဖြစ်အောင်လုပ်သူဟာ တစ်ချိန်လုံး မဘသ ကို ဆဲနေတဲ့ လူတစ်ယောက်ဖြစ်နေတာ၊ ဖြစ်စဉ်ကို သေချာလေ့လာမကြည့်ဘဲ မဘသ ဆိုတာနဲ့ ထိုင်ဆဲနေကြသူတွေကို ကြည့်လိုက်ရင် ဒီလူတွေပဲ ဖန်တရာတေနေတာကို လေ့လာကြည့်ရင် သူတို့ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ မဘသကို ဝိုင်းဝန်းထိုးနှက် တိုက်ခိုက်နေတာကို တွေ့မြင်နိုင်တာကို သတိချပ်မိစေဖို့ ထောက်ပြပါတယ်။


No comments:

Post a Comment