Friday, July 31, 2015

“ဆရာထင်လင်းဦးရေ ရွေးကောက်ပွဲကြီးနီးလာပြီ”

ဆရာထင်လင်းဦးရေ အားခဲ့ထားပါဦးဗျ။ ရွေးကောက်ပွဲကြီး ကျင်းပတော့မှာမို့ပါ။ ဒီအချိန်မှာ ဆရာသာရှိနေရင် NLD အတွက် အင်အားတစ်ရပ်ပေါ့ဗျာ။
အခုလည်း ဆရာဦးဝင်းတင်လို ထောင်ထဲကနေ အကြံပြုတာတွေ ညွှန်ကြားတာတွေနဲ့ NLD ကို ဝန်းရံပေးပါဦးဗျာ။
NLD ကျရှုံးရင် ဒီမိုကရေစီကျဆုံးမှာမို့ ဆရာတို့ ဝန်းရံမှဖြစ်မှာပါဗျာ။
ထောင်ထဲမှာ
၁။ ကာယလေ့ကျင့်ခန်းမလုပ်ရင်
၂။ လွတ်ရက်ပဲ မျှော်နေရင်
၃။ စာမဖတ်ရင်
၎။ တရားမလုပ်ရင်
စိတ်ကျန်းမာရော အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်ဗျာ။
ဦးပဉ္ဇင်းတို့က ထောင်ထဲမှာ(၈)နှစ်နဲ့(၃)လ နေခဲ့ရပေမယ့် အားလုံးကောင်းဗျာ့.......။
ဝီရသူ(မစိုးရိမ်)
1.8.2015
AM 9:27
“စာရေးဆရာ ထင်လင်းဦး ကျန်းမာရေး အခြေအနေ စောင့်ကြည့်နေရ”
မုံရွာ၊ ဇူလိုင် ၃၀၊ လင်းလင်းအောင်
သာသနာညှိုးနွမ်းစေမှု ပုဒ်မ-၂၉၅(က)ဖြင့် အကျဉ်းကျခံနေရသည့် စာရေးဆရာထင်လင်းဦးသည် ကျန်းမာရေး အခြေအနေမကောင်းသဖြင့် စောင့်ကြည့်နေရကြောင်း သတင်းရရှိသည်။
၎င်းသည် အလုပ်နှင့်ထောင်ဒဏ်(၂)နှစ်ဖြင့် မုံရွာအကျဉ်းထောင်တွင် အကျဉ်းကျခံနေရပြီး ဇူလိုင်လအတွင်း ကျန်းမာရေးဖောက်လာသည့်အတွက် မုံရွာဆေးရုံကြီးသို့ သွားရောက် ပြသခဲ့ရကြောင်း ၄င်း၏ မိသားစုဝင်များက ပြောသည်။
“သွေးတိုးရောဂါ နည်းနည်းရှိနေတာပါ။ ကိုယ်လက်လှုပ်ရှားမှုနည်းလို့ ဖြစ်တာလို့ ထင်ပါတယ်။ ဒါပေမဲ့ မိသားစုတွေနဲ့ နီးစပ်ရာမိတ်ဆွေတွေကတော့ စောင့်ကြည့်နေရတယ်။ ဆေးရုံသွားပြတာ မသိလိုက်ရဘူး။ ပြီးမှ သိရတာပါ။ တကယ်လို့ မသက်သာရင်တော့ ဆေးရုံပြခွင့်ကို တောင်းဆိုသွားမယ်” ဟု စာရေးဆရာထင်လင်းဦး ဇနီးဖြစ်သူ ဒေါ်စောစန္ဒာက ပြောသည်။
၎င်းအား မုံရွာမြို့ ဆေးရုံကြီးသို့ ချက်ချင်းပြသခဲ့ပြီး ဆေးရုံတက်စရာမလိုတော့သည့်အတွက် အကျဉ်းထောင်အတွင်း၌ပင် ကုသမှုခံယူနေရကြောင်းလည်း ၄င်းကဆိုသည်။
စာရေးဆရာ ထင်လင်းဦးအား ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့က ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာတွင် ပြုလုပ်သော ဆရာတော်ဦးဝိစာရနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတွင် သာသနာညှိုးနွမ်းစေလိုသော ဟောပြောချက်များ ပါဝင်သည်ဟုဆိုကာ ချောင်းဦးမြို့နယ် သာသနာရေးဦးစီးမှူး ဦးထွန်းခိုင်က တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။


“အစိုးရပျော့ညံ့ခြင်းကြောင့် တရုတ်များအား ပြန်လွှတ်ပေးခြင်းဟု ဦးဝီရသူဆို”

မန္တလေး၊ ဇူလိုင် ၃၀၊ ကျော်ဝေမင်း
ဇူလိုင်လ(၃၀)ရက်နေ့တွင် သစ်ခိုးထုတ်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသော တရုတ်နိုင်ငံသား(၁၅၃)ဦးနှင့် ထောင်ဒဏ်(၁၀)နှစ်ချခံထားရသော တရုတ်နိုင်ငံသားနှစ်ဦး စုစုပေါင်း(၁၅၅)ဦးတို့ မှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြစ်ဒဏ်ရှစ်ရက်သာ ခံစားခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့ခြင်းအပေါ် မ.ဘ.သ အဖွဲ့ အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း ဆရာတော်က မိန့်ကြားသည်။
“သူတို့ဘာသာ သူတို့နိုင်ငကြီး ဖြစ်လာတာလေ။ အဲဒါကို အလျှော့မပေးသင့်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ ဥပဒေပဲ။ ရဲရဲကြီးအရေးယူနိုင်ရမှာပေါ့။ အခုဟာက ကြောက်ကြောက်ရွံ့ရွံ့ အရေးယူထားပြီးမှ မဖြစ်မနေ ပြန်ပေးတဲ့ပုံစံ ဖြစ်နေတာ အသိသာကြီးလေ။ ဒါကို ပြည်သူတွေလည်း လုံးဝမကြိုက်ဘူး။ ငါတို့လည်း မကြိုက်ဘူး” ဟု မစိုးရိမ်တိုက်သစ် ဆရာတော်ဦးဝီရသူက မိန့်သည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် သစ်ခုတ်ယူခဲ့သော တရုတ်နိုင်ငံသား(၁၅၅)ဦးအနက် (၁၅၃)ဦးကို အများနှင့်သက်ဆိုင်ရာ ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ-၃ ဖြင့် ဇူလိုင်လ(၂၃)ရက်နေ့ က ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ကျန်နှစ်ဦးကို(၁၈)နှစ်အောက် လူငယ်များဖြစ်သဖြင့် ထောင်ဒဏ်(၁၀) နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့မှာ ဇူလိုင်လ(၃၀)ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ သော မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသား (၃၅၅)ဦးထဲတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။
“အစိုးရအနေနဲ့ ကြောက်လို့လွှတ်တယ်ဆိုတာ အမှန်ပဲလေ။ သတ္တိရှိတယ်ဆိုရင် မားမားမတ်မတ် ခုခံနိုင်ရမယ်။ အစိုးရအနေနဲ့ ပျော့ညံ့နေတော့ ငါတို့နိုင်ငံရဲ့ အားနည်းချက်ဖြစ်နေတာပေါ့။ ပြီးတော့ ကိုယ့်နိုင်ငံကလူ ထိုင်းမှာ အဖမ်းခံနေရတာတော့ ဖိအားမပေးနိုင်ဘူး။ ကိုယ့်နိုင်ငံမှာ မိတဲ့သူကျတော့ မနေ့က အရေးယူ၊ ဒီနေ့ပြန်လွှတ် သလိုကို ဖြစ်နေတယ်။ အဲဒါကြောင့် အခုလက်ရှိအစိုးရရော၊ နောက်တက်လာမယ့်အစိုးရရော၊ နိုင်ငံတကာ ဖိအားကိုမကြောက်ဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြပါလိုပ ဦးဇင်းအနေနဲ့တော့ ပြောချင်တယ်” ဟု ဦးဝီရသူက မိန့်ကြား သည်။
ဇူလိုင်လ(၃၀)ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြန်လည်လွတ်မြောက်လာသော မြန်မာနိုင်ငံသား အကျဉ်းသား(၆၇၅၆)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား(၂၁၀)ဦး ရှိသည်။


“ကျောင်းရေစက်ချ အလှူမင်္ဂလာပွဲများ”

(အသစ်ဖွင့်မည့် ဝီရသူ ဝက်ဘ်ဆိုက်၌ ကျောင်းအလှူ သိမ်အလှူ အစရှိသော အလှူပွဲများ နှင့် ပတ်သက်ပြီး အခန်းတစ်ခု ဖွင့်ထားပါတယ်။
မိမိတို့ ကုသိုလ်ကောင်းမှုများကို ကမ္ဘာသူ ကမ္ဘာသား ပရိသတ်များ မုဒိတာပွားနိုင်ရန် ပတ္တိဒါန ဝေမျှလိုပါက wirathu11111@gmail.com သို့ ဓာတ်ပုံများနှင့်အတူတကွ ပေးပို့နိုင်ပါတယ်။)
==========================================================
“ဗေဒါရွှေကြာ ငါးထပ်ကျောင်းတော်ကြီး ရေစက်ချ အလှူတော်မင်္ဂလာ”
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၈၉ လမ်း၊ ၁၄×၁၅ လမ်းကြား ဆင်မြရှင် မဟာစည်သာသနာ့ရိပ်သာမှာ လှူဒါန်းထားတဲ့ ငါးထပ်ကျောင်းဆောင် ရေစက်ချပွဲဖြစ်ပါတယ်။
ကျောင်းအမည်က ဗေဒါရွှေကြာကျောင်းတော်ကြီး ဖြစ်ပါတယ်။
ဗေဒါရွှေကြာ ငယ်ထွေးနှပ်နှင့်လ္ဘက် ပဲနှစ်ပြန်ကြော်လုပ်ငန်းမိသားစု ဆောက်လုပ်လှူဒါန်းတာပဲဖြစ်ပါတယ်။
ဗေဒါရွှေကြာ ငါးထပ်ကျောင်းတော်ကြီး ရေစက်ချပွဲကို ၄င်းငါးထပ်ကျောင်းဆောင်ကြီးမှာ 31.7.2015 မွန်းလွဲ 1:00 နာရီတွင် ကျင်းပပါတယ်။ သံဃာတော်အပါး(၁၀၀)ကျော်နှင့် သီလရှင်ဆရာလေးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပါတယ်။
ဆင်မြရှင် မဟာစည်သာသနာ့ရိပ်သာ ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တမေဓာဝံသ ရေစက်ချ အနုမောဒနာတရားဟောကြားတော်မူပါတယ်။
















“မဟာဝီရ ရသစုံမဂ္ဂဇင်း အမှတ်(၂) ထွက်ပါပြီ”

မဟာဝီရ ရသစုံမဂ္ဂဇင်း အမှတ်(၂) ထွက်ရှိလို့လာပါပြီ။
မ.ဘ.သ(ဗဟို) အင်းစိန်ရွာမမှာ ရရှိနိုင်ပါပြီ။
ရန်ကုန်စာအုပ်ဆိုင်များမှာ ဝယ်ယူလိုက တနင်္လာနေ့ (3.8.2015) ညနေမှ ရရှိပါမည်။
မန္တလေး မ.ဘ.သ ရုံးနှင့် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ မနက်ဖြန်(1.8.2015) ညနေပိုင်းတွင် ရရှိပါမည်။
စုံစမ်းမေးမြန်းရန်
ကိုဆန်းဝင်း(မန္တလေး)-09.259004977

ကိုမြင့်ဇော်(ရန်ကုန်)-09.421071774




“ဂျီဟဒ်စစ်ပွဲနှင့် အနာဂတ်မြန်မာပြည် အတွဲ(၂)”


နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာသတင်းဌာနများလာရင် အမြဲတန်းပြဖြစ်တဲ့ ဗီဒီယိုဖိုင်လ်လေးပါ။ စီဒီ ၂ချပ်မှာ အခန်း(၁၁)ခန်း ပါဝင်ပါတယ်။ ၂၀၁၂ ခု ရခိုင်သွားရင်း မှတ်တမ်းပြုထားတာပါ။ ဒီဖိုင်လ်တွေ စုစည်းပေးတဲ့ တပည့်လေး အရှင်စန္ဒ(ဖားကန့်) တစ်လကျော်အချိန်ယူရပြီး ညစဉ် သန်းခေါင်ကျော်မှ အိပ်ရာဝင်ခဲ့ ရတာပါ။
အပိုင်း(၁)သာ အွန်လိုင်းမှာရှိနေပြီး ကျန်အပိုင်းများမကြည့်ရသေးသူတွေ တောင်းဆိုတာကြောင့် တင်ပေးလိုက်တာပါ။
(ဂ) ကုလားလက်မှ လွတ်မြောက်လာသူများ

https://www.youtube.com/watch?v=Yf8Y0qr-1H0&hd=1

“လူ နှင့် မူ”

စစ်သားနဲ့ စစ်အာဏာရှင်
စစ်တပ်နဲ့ စစ်အစိုးရ
ဒါတွေကို ခွဲခြားမကြည့်နိုင်သေးသမျှ
အမျိုးသားပြန်လည်သင့်မြတ်ရေးတို့
အမျိုးသားရင်ကြားစေ့ရေးတို့
လုံးဝမရဘူး
စိတ်သာချ။
ဝီရသူ(မစိုးရိမ်)
31.7.2015

PM 6:33

Thursday, July 30, 2015

“မ.ဘ.သ(ဗဟို) သဘောထားထုတ်ပြန် ပန်ကြားချက်”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ နိုင်ငံဖြစ်ပါသည်၊ ရှေးအစဉ်အလာကပင် ဝါတွင်းကာလ၌ ဥပုသ်စောင့်လိုသော ကျောင်းဆရာ,ဆရာမများ၊ ကျောင်းသူ,ကျောင်း သားများ၊ ကျောင်းပို့/ကြို ပြုလုပ်ပေးကြသော ကျောင်းသားမိဘများ၊ အုပ်ထိန်းသူ သက်ကြီးရွယ်အို ဘိုးဘွားများ ဥပုသ်စောင့်သုံးနိုင်ရန် ဝါတွင်းကာလ ဥပုသ်နေ့များ၌ အခြေခံပညာ(အထက၊ အလက၊ အမက) ကျောင်းများကို ကျောင်းပိတ်ပေးခဲ့သော အလေ့ရှိပါသည်။
ပြီးခဲ့သော ၂၀၁၄/၂၀၁၅ ပညာသင်နှစ်တွင် အချို့မြို့နယ် အချို့သော အခြေခံပညာ(အထက၊ အလက၊ အမက)ကျောင်းများ ဝါတွင်းဥပုသ်နေ့များ၌ ကျောင်းပိတ်မပေးခဲ့ကြပါ။ သို့ပါ၍ ဥပုသ်စောင့်လိုသော ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ကျောင်းပို/ကြို ပြုလုပ်ပေးကြသော ကျောင်းသား မိဘများ၊ အုပ်ထိန်းသူ သက်ကြီးရွယ်အို ဘိုးဘွားများ ဥပုသ်စောင့်သုံးနိုင်ရန် အခက်အခဲတွေ့ခဲ့ပါသည်။
ထိုသို့ အခက်အခဲမဖြစ်စေရန် ဝါတွင်းကာလ ဥပုသ်နေ့များ၌ အခြေခံပညာ(အထက၊ အလက၊ အမက) ကျောင်းများကို ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ပေးပါရန် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်တကွ တိုင်း/ခရိုင်/မြို့နယ် ပညာရေးမှူးကြီးများကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကြီး(ဗဟို)မှ သဘောထားထုတ်ပြန် ပန်ကြားအပ်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။


“ထေရဝါဒ အကျော်အမော်များ”

(အသစ်ဖွင့်မည့် ဝီရသူဝက်ဘ်ဆိုက်မှာ ထေရဝါဒအကျော်အမော်များ ခေါင်းစဉ်ဖြင့် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာမှာ ထင်ရှားကျော်ကြားတဲ့ ဆရာတော်ကြီးများရဲ့ ထေရုပ္ပတ္တိ(ဘဝဖြစ်စဉ်)အကျဉ်းကို ထုတ်လွှင့်သွားဖို့ စီစဉ်ထားပါတယ်။
မိမိကြည်ညိုလေးစားတဲ့ ကျေးဇူးရှင်ဆရာတော်ကြီးများရဲ့ အတ္ထုပ္ပတ္တိအကျဉ်းနှင့် ဓာတ်ပုံများ ပေးပို့နိုင်ပါတယ်။ wirathu11111@gmail.com သို့ ပေးပို့နိုင်ပါတယ်။)
==========================================================
“အင်းစိန်ရွာမဆရာတော်ကြီး”
ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ ညောင်ပင်သာရွာ၊ ဦးဘဖေ+ဒေါ်စောစိန်တို့မှ ၁၃၀၀ ပြည့်နှစ် တပေါင်းလ္ဆန်း ၁ ရက်(၁၈.၂.၁၉၃၉)မှာ မွေးဖွားသည်။
၁၅ နှစ်သားအရွယ်မှာ ရှင်သာမဏေပြုသည်။ ဘွဲ့အမည် ရှင်တိလောကဖြစ်သည်။
၁၇ နှစ်သားအရွယ်တွင် မြင်းခြံမြို့ ကိုးဆောင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တသောဘိတထံသို့ ရောက်ရှိ ပရိယတ္တိစာပေသင်ယူသည်။
၁၃၂၀ ခုနှစ် ကဆုန်လဆန်း(၁၀)ရက်၊ (၂၇.၄.၁၉၅၈) မှာ ရဟန်းဘဝသို့ ရောက်ရှိသည်။ ဘွဲ့အမည် အရှင်တိလောကဖြစ်သည်။
၎င်းနှစ်မှာ ပထမကြီးတန်း အောင်မြင်သည်။
၁၃၂၄ ခုနှစ်တွင် ဓမ္မာစရိယတန်းကို တစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည်။
၁၃၂၇ ခုနှစ်တွင် မန္တလေး၊ သကျသီဟစာသင်တန်းအောင်မြင်သည်။ မန္တလေးမြို့၊ ညောင်ကန်တိုက်၊ ဘုံဘိုင်သို့ ပြောင်းရွှေ့ပြီး သကျသီဟစာချတန်းဆိုင်ရာ ပရိယတ္တိစာပေကို သင်ယူဆည်းပူးခဲ့သည်။
၁၃၃၁ ခုနှစ်၌ သကျသီဟဓမ္မာစရိယဘွဲ့ရရှိသည်။ အရှင်တိလောကမှ အရှင်တိလောကာဘိဝံသ ဘွဲ့အမည် တွင်ခဲ့သည်။
၁၃၃၂ ခုနှစ်၌ ဆရာတော် ဦးနန္ဒဝံသနှင့်အတူ စာသင်သား ၃၅ ပါးဖြင့် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကို တည်ထောင်ခဲ့သည်။
စာသင်တိုက်သက်တမ်း ၁၂ နှစ်ပြည့်မြောက်ချိန်တွင် ပဌမကျော် အရှင်နန္ဒသိရီကို မွေးထုတ်ပေးနိုင်ခဲ့သည်။
၁၃၄၈(၁၉၈၆)ခုနှစ်တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် အဘိဓမ္မာမဟာဌာနပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၃၅၂ခု(၁၉၉၀)ခုနှစ်၌ ပတ္တနိက္ကုဇ္ဇန(သပိတ်မှောက်)ကံဆောင်မှုဖြင့် အထိန်းသိမ်းခံရသည်။ ထောင်ဒဏ်(၁၀) နှစ် အပြစ်ပေးခံရခြင်းဖြစ်၏။
၁၃၅၅(၁၉၉၃)ခုနှစ်၌ ထောင်မှ လွတ်မြောက်လာခဲ့သည်။
ထောင်မှလွတ်ပြီးသည်မှ ယ္ခုအချိန်ထိ ဆောင်ရွက်ချက်များတွင် နွေရာသီယမိုက်ပဋ္ဌာန်းစာဝါများကို သင်တန်းအဖြစ် အစဦးဆုံး စတင်ဖွင့်လှစ်ပေးခဲ့ခြင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တော်မူခြင်း၊ ယမိုက်ပဋ္ဌာန်း ညဝါကျမ်းများမှစ၍ ကျမ်းပေါင်း ၃၆ ကျမ်း ရေးသားပြုစုတော်မူခြင်း၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ထောင်ဖွဲ့ စည်းနိုင်ခဲ့ခြင်းတို့မှာ အထင်ရှားဆုံး ဖြစ်ပါသည်။
သာမဏေကျော်များ၊ အဘိဝံသများ၊ ပဋိကတစ်ပုံဆောင်၊ နှစ်ပုံဆောင်များ၊ ပါဠိပါရဂူများ၊ ဓမ္မာစရိယများကို များပြားစွာ မွေးထုတ်ပေးနိုင်ခဲ့သည်။
ယခုအခါ တောင်ဒဂုံမြို့နယ်၊ နိကာယ်စာသင်တိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (ရွှေရတုတိပိဋကဓရ မော်ကျွန်းဆရာတော်)သည် အင်းစိန်ရွာမဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသ၏ တပည့်ရင်းတစ်ပါးပင် ဖြစ်ပါသည်။