(အသစ်ဖွင့်မည့်
ဝီရသူ ဝက်ဘ်ဆိုက်၌ ကျောင်းအလှူ သိမ်အလှူ အစရှိသော အလှူပွဲများ နှင့် ပတ်သက်ပြီး အခန်းတစ်ခု
ဖွင့်ထားပါတယ်။
မိမိတို့
ကုသိုလ်ကောင်းမှုများကို ကမ္ဘာသူ ကမ္ဘာသား ပရိသတ်များ မုဒိတာပွားနိုင်ရန် ပတ္တိဒါန ဝေမျှလိုပါက
wirathu11111@gmail.com သို့ ဓာတ်ပုံများနှင့်အတူတကွ
ပေးပို့နိုင်ပါတယ်။)
==========================================================
“ဗေဒါရွှေကြာ
ငါးထပ်ကျောင်းတော်ကြီး ရေစက်ချ အလှူတော်မင်္ဂလာ”
မန္တလေးမြို့၊
အောင်မြေသာစံမြို့နယ် ၈၉ လမ်း၊ ၁၄×၁၅ လမ်းကြား ဆင်မြရှင် မဟာစည်သာသနာ့ရိပ်သာမှာ လှူဒါန်းထားတဲ့
ငါးထပ်ကျောင်းဆောင် ရေစက်ချပွဲဖြစ်ပါတယ်။
ကျောင်းအမည်က
ဗေဒါရွှေကြာကျောင်းတော်ကြီး ဖြစ်ပါတယ်။
ဗေဒါရွှေကြာ
ငယ်ထွေးနှပ်နှင့်လ္ဘက် ပဲနှစ်ပြန်ကြော်လုပ်ငန်းမိသားစု ဆောက်လုပ်လှူဒါန်းတာပဲဖြစ်ပါတယ်။
ဗေဒါရွှေကြာ
ငါးထပ်ကျောင်းတော်ကြီး ရေစက်ချပွဲကို ၄င်းငါးထပ်ကျောင်းဆောင်ကြီးမှာ 31.7.2015 မွန်းလွဲ
1:00 နာရီတွင် ကျင်းပပါတယ်။ သံဃာတော်အပါး(၁၀၀)ကျော်နှင့် သီလရှင်ဆရာလေးများအား လှူဖွယ်ဝတ္ထုများ
ဆက်ကပ်လှူဒါန်းပါတယ်။
ဆင်မြရှင်
မဟာစည်သာသနာ့ရိပ်သာ ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တမေဓာဝံသ ရေစက်ချ အနုမောဒနာတရားဟောကြားတော်မူပါတယ်။
No comments:
Post a Comment