ဆရာထင်လင်းဦးရေ
အားခဲ့ထားပါဦးဗျ။ ရွေးကောက်ပွဲကြီး ကျင်းပတော့မှာမို့ပါ။ ဒီအချိန်မှာ ဆရာသာရှိနေရင်
NLD အတွက် အင်အားတစ်ရပ်ပေါ့ဗျာ။
အခုလည်း
ဆရာဦးဝင်းတင်လို ထောင်ထဲကနေ အကြံပြုတာတွေ ညွှန်ကြားတာတွေနဲ့ NLD ကို ဝန်းရံပေးပါဦးဗျာ။
NLD
ကျရှုံးရင် ဒီမိုကရေစီကျဆုံးမှာမို့ ဆရာတို့ ဝန်းရံမှဖြစ်မှာပါဗျာ။
ထောင်ထဲမှာ
၁။
ကာယလေ့ကျင့်ခန်းမလုပ်ရင်
၂။
လွတ်ရက်ပဲ မျှော်နေရင်
၃။
စာမဖတ်ရင်
၎။
တရားမလုပ်ရင်
စိတ်ကျန်းမာရော
အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်ဗျာ။
ဦးပဉ္ဇင်းတို့က
ထောင်ထဲမှာ(၈)နှစ်နဲ့(၃)လ နေခဲ့ရပေမယ့် အားလုံးကောင်းဗျာ့.......။
ဝီရသူ(မစိုးရိမ်)
1.8.2015
AM
9:27
“စာရေးဆရာ
ထင်လင်းဦး ကျန်းမာရေး အခြေအနေ စောင့်ကြည့်နေရ”
မုံရွာ၊
ဇူလိုင် ၃၀၊ လင်းလင်းအောင်
သာသနာညှိုးနွမ်းစေမှု
ပုဒ်မ-၂၉၅(က)ဖြင့် အကျဉ်းကျခံနေရသည့် စာရေးဆရာထင်လင်းဦးသည် ကျန်းမာရေး အခြေအနေမကောင်းသဖြင့်
စောင့်ကြည့်နေရကြောင်း သတင်းရရှိသည်။
၎င်းသည်
အလုပ်နှင့်ထောင်ဒဏ်(၂)နှစ်ဖြင့် မုံရွာအကျဉ်းထောင်တွင် အကျဉ်းကျခံနေရပြီး ဇူလိုင်လအတွင်း
ကျန်းမာရေးဖောက်လာသည့်အတွက် မုံရွာဆေးရုံကြီးသို့ သွားရောက် ပြသခဲ့ရကြောင်း ၄င်း၏ မိသားစုဝင်များက
ပြောသည်။
“သွေးတိုးရောဂါ
နည်းနည်းရှိနေတာပါ။ ကိုယ်လက်လှုပ်ရှားမှုနည်းလို့ ဖြစ်တာလို့ ထင်ပါတယ်။ ဒါပေမဲ့ မိသားစုတွေနဲ့
နီးစပ်ရာမိတ်ဆွေတွေကတော့ စောင့်ကြည့်နေရတယ်။ ဆေးရုံသွားပြတာ မသိလိုက်ရဘူး။ ပြီးမှ သိရတာပါ။
တကယ်လို့ မသက်သာရင်တော့ ဆေးရုံပြခွင့်ကို တောင်းဆိုသွားမယ်” ဟု စာရေးဆရာထင်လင်းဦး
ဇနီးဖြစ်သူ ဒေါ်စောစန္ဒာက ပြောသည်။
၎င်းအား
မုံရွာမြို့ ဆေးရုံကြီးသို့ ချက်ချင်းပြသခဲ့ပြီး ဆေးရုံတက်စရာမလိုတော့သည့်အတွက် အကျဉ်းထောင်အတွင်း၌ပင်
ကုသမှုခံယူနေရကြောင်းလည်း ၄င်းကဆိုသည်။
စာရေးဆရာ
ထင်လင်းဦးအား ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့က ချောင်းဦးမြို့နယ်၊
သုံးပန်လှစံပြကျေးရွာတွင် ပြုလုပ်သော ဆရာတော်ဦးဝိစာရနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတွင်
သာသနာညှိုးနွမ်းစေလိုသော ဟောပြောချက်များ ပါဝင်သည်ဟုဆိုကာ ချောင်းဦးမြို့နယ် သာသနာရေးဦးစီးမှူး
ဦးထွန်းခိုင်က တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

No comments:
Post a Comment