Thursday, March 16, 2023

 

“စာဖြေသံဃာအရုဏ်ဆွမ်းအလှူတော် (၁)”

======================

 

မော်လမြိုင်မြို့၊ ဒေါ်အေးအေးသိန်း (ယွန်းဝတီရွှေဆိုင်)မိသားစုက အလှူငွေ ၁၀ သိန်းကျပ် လှူဒါန်းပါသည်။

နှစ်စဉ် ဆက်ကပ်နေကျ စာဖြေသံဃာအရုဏ်ဆွမ်းဖြစ်ပါသည်။

တန်ခူးလဆန်း ၁ရက် (21.3.2023)ရက်နေ့၌ စတင်ဆက်ကပ်ပါမည်။

၎င်းနေ့တွင်

ဓမ္မာစရိယ(စာချ)တန်း သံဃာတော်များ စတင်ဖြေဆိုရမည်ဖြစ်ပါသည်။

အရုဏ်ဆွမ်းကို ပုံမှန်အတိုင်း သဟာယကျောင်းမှာ နေ့စဉ်ဆက်ကပ်သွားမည်ဖြစ်ပါသည်။

နေ့ဆွမ်းကို ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျောင်းတိုင်းမှ ဆက်ကပ်နေကျဖြစ်ပါသည်။

 

အလှူရှင် ဒေါ်အေးအေးသိန်း (ယွန်းဝတီရွှေဆိုင်)မိသားစုသည်

အာယု ဝဏ္ဏ သုခ ဗလ ပဋိဘာနဟူသော သက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း အကျိုးတရားများ ရရှိကာ နိဗ္ဗာန် မဂ်ဖိုလ်ကို ဘဝတိုတိုဖြင့် ရနိုင်ရောက်နိုင် မျက်မှောက်ပြုနိုင်ပါစေသော်…ဝ်။


No comments:

Post a Comment