Sunday, March 12, 2023

 

“စာဖြေသံဃာအရုဏ်ဆွမ်းအလှူတော် (၈)”

======================

 

ကြို့ပင်ကောက်မြို့ ၊ ကဝိမင်္ဂလာလမ်း ၊ ဦးလှိုင်၊ ဒေါ်ငွေရင် မိသားစု

အလှူငွေ ၄သိန်းကျပ် လှူဒါန်းပါသည်။

နှစ်စဉ် ဆက်ကပ်နေကျ စာဖြေသံဃာအရုဏ်ဆွမ်းဖြစ်ပါသည်။

တန်ခူးလဆန်း ၁ရက် (21.3.2023)ရက်နေ့၌ စတင်ဆက်ကပ်ပါမည်။

၎င်းနေ့တွင် ဓမ္မာစရိယ(စာချ)တန်း သံဃာတော်များ စတင်ဖြေဆိုရမည်ဖြစ်ပါသည်။

အရုဏ်ဆွမ်းကို ပုံမှန်အတိုင်း သဟာယကျောင်းမှာ နေ့စဉ်ဆက်ကပ်သွားမည်ဖြစ်ပါသည်။

နေ့ဆွမ်းကို ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျောင်းတိုက်မှ ဆက်ကပ်နေကျဖြစ်ပါသည်။

 

ကြို့ပင်ကောက်မြို့ ၊ ကဝိမင်္ဂလာလမ်း ၊ ဦးလှိုင်၊ ဒေါ်ငွေရင် မိသားစု

အာယု ဝဏ္ဏ သုခ ဗလ ပဋိဘာနဟူသော သက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း အကျိုးတရားများ ရရှိကာ နိဗ္ဗာန် မဂ်ဖိုလ်ကို ဘဝတိုတိုဖြင့် ရနိုင်ရောက်နိုင် မျက်မှောက်ပြုနိုင်ပါစေသော်…ဝ်။

 


 

 

 

No comments:

Post a Comment