“မုဒိတာရပ်ဝန်း”
“လစဉ် နဝကမ္မ အလှူတော်”
မန္တလေး၊
မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ ပညာဒါန၊ ပရဟိတ၊ သာသနာတော်ဆိုင်ရာ
ပါရမီလုပ်ငန်းများ လုပ်ဆောင်ရာ၌ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်
မော်လမြိုင်မြို့၊ ယွန်းဝတီရွှေဆိုင် မိသားစုမှ အလှူငွေ-၄၅၀,၀၀၀ိ/(လေးသိန်ငါးသောင်း)ကျပ်
လှူဒါန်းပါသည်။
ယ္ခုအလှူတော်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ၏
အလှူတော်ဖြစ်ကာ ၂၀၁၇ ခုနှစ်မှစ၍ လစဉ် ပုံမှန်လှူဒါန်းသည့် ထာဝရအလှူတော်ဖြစ်ပါသည်။
ယခုအလှူတော်သည်
ဒေါ်အေးအေးသိန်းနှင့် ယွန်းဝတီရွှေဆိုင်မိသားစုများ စုပေါင်းလှူဒါန်းနေခြင်း
ဖြစ်ပါသည်။ ဆရာတော် အရှင်ဝီရသူသည် မင်းကွန်းပုထိုးတော်ကြီးပညာရေး အကယ်ဒမီ၊
လောကအလင်း ပညာဒါနကျူရှင်ကျောင်း၊ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်းများ၊
ဖွင့်လှစ်၍ ပညာရေးကို အခြေခံသည့် သာသာနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို
ကျန်းမာရေးတရားစခန်းများ ဖွင့်လှစ်၍လည်း ကျန်းမာရေးကို အခြေခံသည့်
သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
အလှူရှင်
ယွန်းဝတီရွှေဆိုင် မိသားစုနှင့်အတူ သာဓုခေါ် အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း
သူတော်ကောင်းတို့သည် ပညာပါရမီ ပြည့်ဝစေလျက် လောကအကျိုး သာသနာတော်အကျိုးများ
သယ်ပိုးထမ်းရွက်နိုင်ကာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ဘဝတိုတိုနှင့်
အရောက်လှမ်းနိုင်ပါစေသော်……ဝ်။

No comments:
Post a Comment