သတ္တမအကြိမ် ဣစ္ဆာသယအလှူတော်
တပိုတွဲလဆန်း၈ရက်(28.1.2023) မနက် ၁၀း၀၀ နာရီ ဓမ္မသဟာယကျောင်းမှာ
ကျင်းပပါတယ်။
အလှူရှင်တွေကတော့
ကိုခန့်+မဝေ မိသားစုပါ။
လစဉ်ပုံမှန်လှူနေကျ
ဣစ္ဆာသယအလှူတော်ပါ။
ကိုရင်တွေလိုအပ်တဲ့
ပစ္စည်းလေးများကို စာရင်းကောက်ထားပြီး လစဉ် အပါး၃၀စီ လှူဒါန်းနေတာပါ။
သင်္ကန်းလိုအပ်သူ၊ ခြုံထည်လိုအပ်သူ
စုံနေတာပါပဲ။
ဒီအကြိမ်က သတ္တမအကြိမ်ပါ။
မစိုးရိမ်တိုက်သစ်မှာ
ဝါဆိုတဲ့ ကိုရင်များ အပါးစေ့တဲ့အထိ ဆက်လက်လှူဒါန်းသွားမှာပါ။
ဆောက်လုပ်ရေး အင်ဂျင်နီယာ
ကိုခန့်+မဝေ သမီးလေး ငွေရုပ်ကလေးတို့မိသားစုတို့ရဲ့ ဣစ္ဆာသယအလှူတော်လေးကို
သာဓုခေါ်ကြပါအုံးနော်…..။









No comments:
Post a Comment