“ဝါဆိုသင်္ကန်းအလှူတော်”
==============
31.8.2020 ရက်နေ့၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ
ကပ်လှူပါတယ်။
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းမြို့၊ ဒေါ်အေးကြည်နှင့်
ရပ်ကွက်သူရပ်ကွက်သားများမှ ဓမ္မသဟာယကျောင်း နာယကဆရာတော် အရှင်ဝီရသူအတွက် နဝကမ္မ၊ ဝါဆိုသင်္ကန်းနှင့်
လှူဖွယ်များ လာရောက်လှူဒါန်းကြတာ ဖြစ်ပါတယ်။
လှူဖွယ်အစုစုအတွက် ဆရာတော့်ကိုယ်စား ဓမ္မသဟာယကျောင်း အရှင်ဝါသေဋ္ဌ-သာသနဓဇ
ဓမ္မာစရိယ မှ သာဓုအနုဒနာ ဆုပေးချီးမြှင့်တော်မူပါတယ်။
နမ့်မွန်းသူ နမ့်မွန်းသား အလှူရှင်များနှင့်တကွ အနုမောဒနာပြုကြကုန်သော
ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။






No comments:
Post a Comment