Wednesday, July 8, 2020

“ ရွှေမျက်စဉ်း၏ ထူးခြားသောလက္ခဏာများ” (၁)


“ ရွှေမျက်စဉ်း၏ ထူးခြားသောလက္ခဏာများ” (၁)
========================

ချစ်ရင်ခတ် ရွှေမျက်စဉ်းကို မန်ကျည်းသီးမှည့်နှင့် မိုးရေဖြင့်သာ ဖော်စပ်ထားသော်လည်း အာနိသင်က အံ့မခန်းပါ။

ရှေမျက်စဉ်းကို အင်တာနက်လိုင်းသုံးပြီးသည့်အခါတိုင်း၊ မျက်စိအာရုံစိုက်ပြီး လုပ်ရသည့်အလုပ်မျိုး လုပ်ပြီးသည့်အခါတိုင်း ခတ်နိုင်သော်လည်း နေ့ဖြစ်စေ ညဖြစ်စေ အိပ်ရာဝင်သည့်အခါခတ်လျှင် မျက်စဉ်းအရသာ ပို၍ခံစားရသလို အစွမ်းလည်း ပိုထက်ပါသည်။

ရွှေမျက်စဉ်းခတ်သူများ ခံစားရသည့် တူညီသောလက္ခဏာတစ်ခုမှာ မျက်ဝတ်ထွက်ခြင်းပင် ဖြစ်ပါသည်။ အိပ်ရာထသည့်အခါ မျက်ဝတ်များပိတ်နေတတ်ခြင်း၊ သွားလာလှုပ်ရှားနေစဉ်မှာလည်း မျက်ဝတ်အနည်းငယ်ထွက်နေတတ်ခြင်း၊ နေ့စဉ်ခတ်လျှင် နေ့စဉ်ထွက်နေတတ်ခြင်း၊ မခတ်ဘဲ တစ်ရက်နှစ်ရက်နားထားလျှင်ပင် မျက်ဝတ်များ သိသာစွာထွက်ပေါ်နေခြင်းကား ရွှေမျက်စဉ်း၏ ထူးခြားမှုတစ်ရပ်ပင်။

မျက်ဝတ်ထွက်ရုံသာမဟုတ်ပါ။ မျက်လုံးအိမ်မှာ ခိုအောင်းနေသည့် အပူများလည်း ထွက်လာပါသည်။ ထို့ကြောင့် မျက်လုံးကြည်ခြင်း၊ မျက်လုံးအေးခြင်း၊ နေသာထိုင်သာရှိခြင်း စသည့် စက္ခုသုခ မျက်လုံးဆိုင်ရာချမ်းသာသုခများ ရရှိလာခြင်းဖြစ်ပါသည်။

ရွှေမျက်စဉ်းကို စမ်းခတ်ကြည်ပါ။ အပူထွက်ခြင်း၊ မျက်လုံးအေးခြင်း၊ အမြင်အာရုံကြည်လင်ခြင်း အကျိုးထူးများကို မုချခံစားရပါမည်။

တစ်ခါလောက်ခတ်ကြည့်လိုက်ပါ။
တစ်ခါခတ်ရုံနှင့် မျက်စဉ်းကောင်းကြောင်း သိသာမှာပါ။

“ကြည်လင်သန့်ရှင်း ရွှေမျက်စဉ်း၊
မျက်လုံးကျန်းမာ စိတ်ချမ်းသာ”








No comments:

Post a Comment